Home / Myanmar / မိုမိုလေး — မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေး App

မိုမိုလေး — မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေး App

Momolay (သို့မဟုတ်) မြန်မာနိုင်ငံတွင် Facebook ကိုအစားထိုးဖို့ကြိုးစားနေတဲ့ Entertainment App တစ်ခုဖြစ်တယ်။ တည်ထောင်ခဲ့တာ တစ်နှစ်ကျော်ရှိခဲ့ပြီဆိုပေမဲ့ Founder ကိုစိုးလင်းမြတ် တို့ရဲ့ကြိုးစားမှုကြောင့် အခုဆိုရင် Momolay ဟာ မြန်မာနိုင်ငံတွင်းမှာ အသုံးပြုသူတော်တော်များများရရှိနေပြီဖြစ်တယ်။

လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၀၁၅ မှာ Momolay ဟာ စင်္ကာပူအခြေစိုက် ကုမ္ပဏီတစ်ခုမှ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ နှစ်သိန်း ရရှိထားပါတယ်။ အဲ့ဒီ သတင်းဟာ ချက်ချင်း အင်တာနက်ပေါ်ပြန့်နှံ့သွားရုံမက Momolay ကိုလူအများပိုမို စိတ်ဝင်စားလာခဲ့တယ်။ အဲ့ဒီနောက် အသုံးပြုသူတွေလည်း တဖြေးဖြေး ပိုမိုများပြားလာပြီးတော့ လစဉ်အသုံးပြုသူ ၉၈,၀၀၀ — ၁၄၀,၀၀၀ အထိမြင့်တက်လာခဲ့ပါတယ်။ ထပ်ပြီးတိုးလာဦးမှာပါ။

ရင်းနှီးမြှုပ်နှံမှုရပြီးတဲ့နောက်ဘာတွေဆက်လုပ်မယ်ဆိုတဲ့အကြာင်းကို ကျွန်တော်တို့ Momolay Founder ကိုစိုးလင်းမြတ် နဲ့ အနည်းငယ်စကားပြောခွင့်ရခဲ့တယ်။

ကျွန်တော်တို့ ရည်ရွယ်ချက်နဲ့ အခွင့်အလမ်းတွေနဲ့ ပတ်သက်ပြီးတော့ ရင်းနှီးမြုပ်နှံမှု မရခင်အချိန်နဲ့ ယခုရပြီးအချိန် ထွေထွေထူးထူး ဘာမှာ ပြောင်းလဲမှာမဟုတ်ဘာပါဘူး။ ကျွန်တော်တို့ ပြည်တွင်း သတင်းမီဒီယာ နဲ့ IT Community တွေအတွက် ပိုမိုပြီးတော့ လုပ်ဆောင်သွားမှာပါ။

အားလုံးသိတဲ့အတိုင်းပဲ ကျွန်တော်တို့မှာ ဒီလုပ်ငန်းတစ်ခုလုံးကို ထိန်းထားဖို့အတွက် ဝင်ငွေရှိဖို့လိုတယ်ဆိုတာ။ အဲ့ဒီတော့ ယခု ရင်းနှီးမြုပ်နှံမှုနဲ့ ကျွန်တော်တို့ ၂၀၁၆ နှစ်ကုန်အထိ ကောင်းကောင်းအလုပ်လုပ်နိုင်အောင်ထိန်းထားနိုင်မှာပါ။ ကျွန်တော်တို့ အဲ့ဒီမတိုင်ခင် လုပ်ငန်း အဓိက ရည်ရွယ်ချက်ဖြစ်တဲ့ လစဉ်အသုံးပြုသူ ၁ သန်း ထိတိုးတက်လာအောင်လုပ်ဖို့နှင့် အဲ့ဒီနောက်မှာမှ ကျွန်တော်တို့ လုပ်ငန်းလည်ပတ်ဖို့အတွက် ဝင်ငွေကို ရှာဖွေလို့ရမှာပါ

အဲ့ဒီနောက်မှာတော့ ကိုလင်းမြတ်ကို မြန်မာနိုင်ငံက Tech Startup အကြောင်းနဲ့ နိုင်ငံခြားမှ ရင်းနှီးမြှုတ်နှံသူ တွေနဲ့ ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။

ကျွန်တော်ကတော့ ယခုအချိန်ဟာ နိုင်ငံခြား ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီတွေ အနေနဲ့ ပြည်တွင်းက Startups တွေမှာ ရင်းနှီးဖို့အတွက် အချိန်ကောင်းပဲလို့ထင်တယ်…ပြီးတော့ ပြိုင်ဖက်လုပ်ငန်းတွေကလည်း အနည်းငယ်သာရှိသေးတယ် စျေးကွက်ကလည်း အများကြီးရှိသေးတာဆိုတော့ သူတို့အတွက် အချိန်ကောင်းပါပဲ။

နောက်ဆုံးအနေနဲ့ စိတ်ဝင်စားစရာတွေကိုကြည့်ရှုဖို့အတွက် Momolay App ကိုစအသုံးပြုကြရအောင်။ အဲ့မှာဖတ်စရာ မှတ်စရာတွေအများကြီးရှိတဲ့အပြင် သင်ပျင်းတဲ့အချိန်တွေမှာ ဆော့ကစားဖို့အတွက် Game တွေလည်းရှိတယ်။ အသုံးပြုသူတွေအနေနဲ့ Momolay App ကနေထွက်မသွားအောင် နဲ့ ပြန်လည်အသုံးပြုစေရန် တခြားစိတ်ဝင်စားစရာတွေလည်းရှိပါတယ်။

English Version here.

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …