Home / Myanmar / Mobile Phone ကနေတဆင့် ငွေကြေးပေးပို့မှုတွေပြုလုပ်နိုင်မဲ့ Service ကို MySquar မှတဆင့်ဖြန့်ချီတော့မ…

Mobile Phone ကနေတဆင့် ငွေကြေးပေးပို့မှုတွေပြုလုပ်နိုင်မဲ့ Service ကို MySquar မှတဆင့်ဖြန့်ချီတော့မ…

Mobile Phone ကနေတဆင့် ငွေကြေးပေးပို့မှုတွေပြုလုပ်နိုင်မဲ့ Service ကို MySquar မှတဆင့်ဖြန့်ချီတော့မည်

MySquar အသုံးပြုသူဟာ အခုဆိုရင် ၁.၅ သန်းကျော်ရှိနေပါပြီ။ သူဟာမကြာသေးခင်ကဘဲ Mobile Payment ကုမ္ပဏီ ဖြစ်တဲ့ MyPay နဲ့ Service Agreement လည်းပြုလုပ်ထားပြီးဖြစ်တယ်။ MySquar ဟာ AIM စာရင်းဝင် ကုမ္ပဏီ တစ်ခုလည်းဖြစ်တယ် ပြီးတော့ Rising Dragon ကုမ္ပဏီ မှ ရင်းနှီးမြှုပ်နှံမှုအကြီးစားရယူထားပြီးဖြစ်တယ်။ Rising Dragon ဟာ MyPay ရဲ့ နည်းပညာထောက်ပံ့ပေးတဲ့ ကုမ္ပဏီ ဖြစ်တဲ့ Fastacash တွင်လည်း Serie B Investment ကိုလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ Fastacast ဟာလည်း မကြာသေးခင်က MyPay မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အသေးစိတ်ကိုတော့ အဖေါ်ပြရသေးပါဘူး။

MySquar ဟာ 31, May, 2015 မှာ Registered users 774,636 ရှိသည့်အနက် 392,400 မှာ လစဉ်ပုံမှန်အသုံးပြုသူများဖြစ်ကြောင်းထုတ်ဖေါ်ပြောပြပါတယ်။ သူတို့ဟာ လာမည့် ၅ လအတွင်းမှာ user ၁.၅ သန်း ကျော်တိုးလာလိမ့်မယ်လို့ပြောပါတယ်။ ထပ်ပြီးတော့ အသုံးပြုသူတွေဟာ ရန်ကုန်ကကြီး မဟုတ်ဘဲ တခြားနယ်မြို့များကလည်းဖြစ်ကြောင်းပြောပါတယ်။

MySquar ဟာ 0.5 million USD ကိုတပ်ဆင်ခအဖြစ်ရရှိမှာဖြစ်ပြီး နောက်ထပ် ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ရရှိမှာဖြစ်တယ်။ တနည်းအားဖြင့် User တစ်ယောက်လျင် 0.33 USD နှုန်းနဲ့ရရှိမျာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ ယခု ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ အပြင်တခြား ကုမ္ပဏီ တွေလည်း ရှိပြီးသားဖြစ်ပါတယ်။

အဲ့ဒီထဲက တချို့ ကုမ္ပဏီ ကိုအောက်မှာဖေါ်ပြထားပါတယ်။

• 2c2p

• MyKyat

• Red Dot Network

• Myanmar Mobile Money

• Telenor’s Digital Money

• 663 Mobile Money

• MyanPay

တွေဖြစ်ကြတယ်။

မှတ်ချက်။

  • MySquar ဟာ AIM ဈေးကွက်မှာတင်ထားပြီးရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ ဖြစ်တဲ့ Rising Dragon Singapore Pte Ltd နှင့် Rising Dragon Holdings Pte Ltd ဟာ MySquar ကုမ္ပဏီ ရဲ့ ၄၂% ကိုပိုင်ဆိုင်ထားပါပြီ။
  • Rising Dragon ဟာ Fastacash တွင်းလည်း Serie B investment ကိုရင်းနှီးထားပြီးဖြစ်တယ်။
  • Fastacast ကလည်း MyPay တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပါတယ်။

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …