Startup95

မြန်မာနိုင်ငံတွင်းက ကမ္ဘာ့ထိပ်တန်း စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ သင်ကြားရေး အစီစဉ်

ဒေသတွင်း စွန့်ဦးတီထွင်လုပ်ငန်းဆိုင်ရာ အဖွဲ့အစည်းဖြစ်တဲ့ Phandeeyar ဟာ Founder Institute နဲ့တွဲဖက်ပြီး စွန့်ဦးတီထွင်လုပ်ငန်း တည်ထောင်သူတွေအတွက် ကမ္ဘာ့ပထမတန်းစား စွန့်ဦးတီထွင်အစီအစဉ်ကို စတင်လိုက်ပါတယ်။ တစ်ဦးချင်းရပ်တည်နေတဲ့ နည်းပညာ သမားတွေနဲ့ စွန့်ဦးတီထွင်သူတွေအတွက် သူတို့ရဲ့အိမ်မက်တွေကို နောက်တစ်ဆင့် တက်လှမ်းနိုင်အောင် လှုံ့ဆော်ပေးဖို့ ရည်ရွယ်စတင်တာ ဖြစ်ပါတယ်။

Phandeeyar ဟာ ၂၀၁၄ ခုနှစ်ကတည်းက မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်ကို အရေးကြီးတဲ့ ထောက်ပံ့မှုတွေ ပေးခဲ့သူတွေဖြစ်ပါတယ်။ အမေရိကန်နဲ့ မြန်မာဆက်ဆံရေးအပေါ် စိုးရိမ်မှုပေါင်းများစွာ ရှိနေကြသေးပေမဲ့ နှစ်နှစ်ကြာ လေ့လာမှုတွေ ပြုလုပ်ပြီးနောက်မှာ Founder Institute လည်း ရောက်ရှိလာခဲ့ပါတယ်။ ဒါပေမဲ့လည်း စီးပွားရေးပိတ်ဆို့မှုကို မကြာသေးခင်က ဖယ်ရှားလိုက်တာကြောင့် အားလုံးဟာ သမိုင်းအဖြစ်ကျန်ခဲ့ပါပြီ။ အခုဆိုရင်ဖြင့် Phandeeyar နဲ့ Founder Institute တို့နှစ်ဦးစလုံးက အရှိန်မြင့်တက်လာတဲ့ မြန်မာ့စွန့်ဦးတီထွင်လုပ်ငန်းတွေကို ကူညီဖို့ အတူတကွ လက်တွဲလုပ်ဆောင်ကြတော့မှာ ဖြစ်ပါတယ်။

Founder Institute ကို Phandeeyar မှာ မိတ်ဆက်ခြင်း

Phandeeyar Innovation Lab ရုံးခန်းမှာ စတင်မိတ်ဆက်ပွဲလုပ်တော့ Founder Institute ကို နွေးထွေးတဲ့ ကြိုဆိုမှုတွေ ပြည့်လျှံခဲ့ပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းတွေမှာ အတူတကွပဲကူညီသူတွေကတော့ကြိုးစား ရုန်းကန်နေကြရတဲ့ စီအီးအိုတွေနဲ့ တည်ထောင်သူတွေကို ဦးဆောင်မှု ပေးနေပြီး သူတို့လုပ်ငန်း နယ်ပယ်ခရီးလမ်းမှာ ကိုင်တွယ်ဖြေရှင်းပုံတွေကိုလည်း ပြောပြလှုံ့ဆော်ကူညီပေးနေပါတယ်။

“ကျွန်တော်စလုပ်တဲ့အချိန်တုန်းက လွယ်ကူတဲ့ခရီးလမ်းတစ်ခုတော့ မဟုတ်ပါဘူး” လို့ REVO Tech ရဲ့ တည်ထောင်သူနဲ့ စီအီးအိုလည်းဖြစ်တဲ့ မျိုးမြင့်ကျော်က ပြောပါတယ်။ “ ဒါပေမဲ့ အခုတော့ နောက်ထပ် လုပ်ငန်းသစ်တွေကို အင်နဲ့အားနဲ့စတင်ဖို့ Phandeeyar နဲ့ Founder Institute ဆီက ထောက်ပံ့မှုတွေ ကို ကျွန်တော်တို့ ရရှိထားပါတယ်။ တောက်ပတဲ့ အချိန်တွေထွက်ပေါ်လာတော့မယ်လို့ ပြောရတာဟာ ဝမ်းသာစရာပါပဲလို့ “အလုပ်သမားမှ အလုပ်ရှင်သို့ ခုန်ကျော်ခြင်း”ဆိုတဲ့ သူရဲ့ ဆွေးနွေးဟောပြောချက် နောက်ဆုံးပိတ်မှာ မျိုးမြင့်ကျော်က မှတ်ချက်ပြုပြောကြားခဲ့ပါတယ်။

လျင်မြန်စွာ ပြောင်းလဲသွားတဲ့ ဒီသုံးနှစ်အတွင်း မြန်မာ စွန့်ဦးတီထွင်လုပ်ငန်းလောကဟာလည်း ကြီးထွားလို့ လာနေပါတယ်။ အစောဆုံး စတင်ခဲ့တဲ့ စွန့်ဦးတီထွင်လုပ်ငန်းအဖွဲ့အစည်းတွေဟာ ၂၀၁၃-၂၀၁၄ ခုနှစ်မှာ ၂၀ ကျော်အထက်မှာ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အခုဆိုရင်တော့ ၂၅၀ ခန့်လောက် ရှိလာပြီး ဆက်လက်ဖွံ့ဖြိုး များပြားလာနေပါတယ်။ Founder Institute ရဲ့ အကူအညီ၊ ကမ္ဘာမှာ အလျင်မြန်ဆုံးတိုးတက်နေတဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေက အသုံးပြုနေတဲ့ သူတို့ရဲ့ ဥပမာနဲ့ အတူ မြန်မာ့စွန့်ဦးတီထွင်လောကဟာ ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ဖို့ မစောင့်နိုင်အောင်ပါပဲ။

စွန့်ဦးတီထွင်လုပ်ငန်းတွေ ထပ်မံပေါ်ပေါက်လာမယ်ဆိုတာကတော့ အသေအချာပါ။ သူတို့ အောင်မြင်ပြီး အပြည့်အဝလည်ပတ်လုပ်ကိုင်လာနိုင်တဲ့အခါ တိုင်းပြည်ကို မြှင့်တင်ပေးရာရောက်မှာ ဖြစ်သလို သူတို့အိမ်မက်နဲ့ စိတ်ကူးတွေကို ပြည်သူတွေ တည်ဆောက်ရာမှာလည်း အထောက်အကူ ဖြစ်စေမှာပါ။

“သူတို့လုပ်ငန်းတွေအတွက် စွန့်ဦးတီထွင်လုပ်ငန်းတွေကို ကူညီဖို့ ကျွန်တော်တို့ အမြဲတမ်း ကြိုးစားနေပါတယ်။ Founder Institute နဲ့ မိတ်ဖက်အဖြစ်ဖွဲ့စည်းခဲ့ပြီး ကျန်ရှိနေတဲ့ ၂၀၁၆ ကနေ နောက်ပိုင်းတွေမှာ ထောက်ပံ့မှုတွေ ပြုလုပ်ဖို့ ထိရောက်တဲ့ အစီစဉ်တွေလည်း ရှိပါတယ်” လို့ Phandeeyar ရဲ့ စွန့်ဦးတီထွင်လုပ်ငန်းများ စီမံခန့်ခွဲရေး ဒါရိုက်တာ (Acceleretor Director ) ဂျက်စ်ပီတာဆန်က ပြောကြားပါတယ်။ “အခု ဒီအစီစဉ်ကို http://fi.co/join မှာ လျှောက်ထားဖို့ ခေါ်ယူနေပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေ ဒီအစီစဉ်မှာ ပိုမိုပြီး ပါဝင်လာတာကို စိတ်လှုပ်ရှားမိပြီး လာမယ့်နှစ်တွေမှာ သူတို့ လုပ်ငန်းတွေကို အောင်အောင်မြင်မြင်နဲ့ ရေရှည်စတင်နိုင်မယ်လို့ မျှော်လင့်ပါ တယ်” လို့ ဂျက်ပီတာဆန်က ပရိသတ်ကို အစီစဉ်အကြောင်းရှင်းပြစဉ်မှာ ပြောကြားခဲ့ပါတယ်။

ကမ္ဘာ့စွန့်ဦးတီထွင်လုပ်ငန်းနယ်ပယ်မှာ Founder Institute ဟာ ကုမ္ပဏီပေါင်း ၂၀၀၀ အထက်ကို ထောက်ပံ့ပေးထားပြီး ၎င်းကုမ္ပဏီတွေဟာ လူပေါင်း ၁၅၀၀၀ ကိုအလုပ်ပေးထားကာ သူ့တို့ရဲ့ ငွေကြေး တန်ဖိုးဟာ စုစုပေါင်း ဒေါ်လာ ၁၂ ဘီလျံ ရှိပါတယ်။

Founder Institute ရဲ့ လေးလကြာသင်ကြားမယ့် သင်ရိုးညွှန်တမ်းမှာ စွန့်ဦးတီထွင်လုပ်ငန်း အဆင့်ကို ထည့်သွင်းထားပါတယ်။ စိတ်ကူးအဆင့်ကနေ စတင်လုပ်ဆောင်ခြင်းနဲ့ ငွေကြေးရင်းနှီးမြှပ်နှံမှုရှာဖွေခြင်းအထိ စွန့်ဦးတီထွင်လုပ်ငန်းရှင်တွေအတွက် ကောင်းစွာကိုက်ညီမှု ရှိအောင် ပြုလုပ်ထားတာ ဖြစ်ပါတယ်။ ဒေသတွင်းနဲ့ကမ္ဘာ့အဆင့်ထိ ကြီးထွားဖွံ့ဖြိုးဖို့ နည်းလမ်း ပြသပေးမှာ ဖြစ်ပါတယ်။ ကူညီလေ့ကျင့်သင်ကြားပေးမယ့် အဖွဲ့တစ်ဖွဲ့လည်း ပါဝင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့လည်း ကမ္ဘာတဝှမ်းမှာ နှိုင်းယှဉ်ရင်တော့ Founder Institute သင်တန်းတစ်ခုစီမှာ စွန့်ဦးတီထွင်လုပ်ငန်းရှင် ၃၅ ရာခိုင်နှုန်း ခန့်လောက်သာ အောင်မြင်စွာပြီးဆုံးပါတယ်။ ဒါကြောင့် ဒီခရီးလမ်းမှာ သင်အကောင်ဆုံးကြိုးစားနိုင်ပါစေလို့ ကျွန်တော်တို့က ဆန္ဒပြုပါတယ်။ သင့်အိမ်မက်ဖြစ်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းကို စိတ်အားပြင်းပြပြီး စွဲမြဲစွာ ဆုပ်ကိုင်ထားသရွေ့တော့ သင်တန်းပြီးတာမပြီးတာစိုးရိမ်စရာ မရှိပါဘူး။

ဒါကတော့ ကျွန်တော်တို့ အဖွဲ့က ပေးချင်တယ့် အကြံညဏ်လေးတစ်ခုပါ။ စွန့်ဦးတီထွင် လုပ်ငန်းရှင်တစ်ယောက်လုပ်ပါ။ စွန့်စားလိုက်ပါ။ အိမ်မက်ကို ဆုပ်ကိုင်ထားပါ။ ဒီနေ့ပဲ စလိုက်ပါ။

အစီစဉ်အကြောင်းနှင့် သင်ရိုးညွှန်းတမ်းအကြောင်း http://fi.co/curriculum
အခုလျှောက်ရန် http://fi.co/join
ဓါတ်ပုံ: အောင်ဝင်းထဋ်, Phandeeyar Innovation Lab

English Version: Here.

Exit mobile version