Home / Language / Myanmar-Unicode
Myanmar-Unicode
တည်ထောင်သူတွေက ကုမ္ပဏီကို ထိန်းချုပ်ထားခွင့်ရှိလား
ကျွန်တော်တို့ ငွေကြေးမတည်ပေးခဲ့တဲ့တစ်ယောက်က VCs (စွန့်ဦး ငွေကြေးရင်းနှီးမြှပ်နှံသူ) တွေနဲ့ ဆွေးနွေးနေပါတယ်။ သူက ကျွန်တော့်ကို မေးပါတယ်။ စွန့်ဦးလုပ်ငန်းတည်ထောင်သူတွေဟာ Series A-round ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတာဟာ ဖြစ်လေ့ဖြစ်ထရှိလားလို့ မေးတာပါ။ ဒါမျိုးဖြစ်တာ ဘယ်တော့မှ မရှိသလောက်ပဲလို့ VCs တွေက ပြောနေတယ်လို့ သူက ပြောပါတယ်။ ဒီလို မရှိဘူးဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင်တော့ အမှန်ပါပဲ။ အရင်တုန်းကဆို Series A ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ပုံမှန်ဘုတ်အဖွဲ့မှာဆိုရင် တည်ထောင်သူနှစ်ယောက်၊ VCs နှစ်ယောက်၊ လွပ်လပ်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ တည်ထောင်သူ တစ်ယောက်၊ …
Read More »
မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း
မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း မနေ့ညက ကားလက်မှတ်တွေ ရောင်းစားနေတဲ့ စတတပ် ကုမ္ပဏီ စီအီးအို အစ်ကိုကြီးက ညစာကျွေးမယ်ဆိုလို့ လိုက်သွားမိပါတယ်။ ခါတိုင်း ပီဇာ၊ ပက်စတာ စတဲ့ ကောင်းပေ့ဆိုတဲ့ ဆိုင်တွေမှ ဝင်စားတတ်တဲ့ လူကြီး ဒီတစ်ခါ စလပ်ဆိုင် ခေါ်သွားတော့ အခြေအနေ သိပ်မဟန်တော့ဘူး ဆိုတာ နည်းနည်းတော့ ရိပ်မိလိုက်ပါတယ်။ … စားရင်းသောက်ရင်း ပြည်တွင်းအိုင်တီ ကုမ္ပဏီများ အပြိုင်အဆိုင်များကြောင်း၊ ဝန်ထမ်း ရှာရခက်ကြောင်း၊ အင်ဗက်စတာများ လက်ပေါက်ကပ်ကြောင်း၊ စင်ကာပူမှာဆို မည်သို့မည်ပုံ ဖြစ်ကြောင်း တတွတ်တွတ် ညည်းတော့ … ဒါဆိုလဲဗျာ ခင်ဗျား စင်ကာပူပဲ ပြန်ပြီး …
Read More »
စားပွဲထိုးလောက်တောင် ဖုန်းကောင်းကောင်းမွန်မွန် မကိုင်နိုင်တဲ့ အိုင်တီလုပ်ငန်း ပိုင်ရှင် အစ်ကိုကြီး
မှတ်မှတ်ရရ မနေ့က စားပွဲထိုးလောက်တောင် ဖုန်းကောင်းကောင်းမွန်မွန် မကိုင်နိုင်တဲ့ အိုင်တီလုပ်ငန်း ပိုင်ရှင် အစ်ကိုကြီးနဲ့ အတူ ဘီယာသောက်ခဲ့ရပါတယ်။ တစ်ချိန်က ပြည်တွင်း အိုင်တီလောကမှာ mmgamer ဝဘ်ဆိုက် နဲ့ လူသိများခဲ့တဲ့ အစ်ကိုကြီး၊ အခုတော့ ဝဘ်ဆိုက်တွေရေး၊ သင်တန်းတွေဖွင့်ရုံမကလို့ ပိုက်ဆံရမယ်ဆိုရင် ငွေတိုးပါ ချေးစားနေတဲ့ စီးပွား‌ရေးသမားကြီးပေါ့။ နာမည်ကိုတော့ သူ့ဂုဏ်သိက္ခာကို ငဲ့ညှာသောအားဖြင့် မပြောတော့ပါ။ လူကိုပဲ တဂ်လုပ်ထားပါတယ်။ ဆိုင်မှာ စထိုင်ကတည်းက အရင်အစိုးရ လက်ထက်က ခရိုနီပရောဂျက်တွေနဲ့ ဘယ်လိုဘယ်ပုံ အဆင်ပြေခဲ့ကြောင်း၊ မေမေ့လက်ထက်မှာ စီးပွားရေးတွေ လုပ်မကောင်းတော့ကြောင်း၊ အကြွေးတွေ မည်သို့မည်ပုံ ဝိုင်းနေပြီဖြစ်ကြောင်း၊ မိန်းမစရိတ် ကလေးစရိတ်နဲ့ မည်မျှ ဒုက္ခရောက်ကြောင်း ညည်းပြပါတယ်။ သိပ်စိတ်မဝင်စားလှပေပေမဲ့ …
Read More »
တည်ထောင်သူတွေမှာ ရှိရမယ့် အရည်အချင်း (၅)ရပ်
ကမ္ဘာကျော် Fobes မဂ္ဂဇင်းက ပေါ်ဂရေဟန်ကိုရင်းနှီးမြှုတ်နှံသူတစ်ယောက်အနေနဲ့ စွန်ဦးထူထောင်သူတွေမှာ ဘာတွေကိုရှာကြည့် သလဲဆိုတာကို ရေးဖို့တောင်းဆိုလို့ ရေးထားတဲ့ စာပါ။ ၁- စိတ်ဓာတ်ကြံ့ခိုင်ခြင်း(Determination) စွန့်ဦးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့်သူတွေမှာ ရှိရမယ့် အရေးအကြီးဆုံး အရည်အသွေးပါ။ ညဏ်ရည် ထက်မြက်ဖို့ ကအရေးအကြီးဆုံးလို့ အရင်ကယူဆခဲ့ကြပါတယ်။ တည်ထောင်သူတွေက ခပ်တုံးတုံး ဖြစ်လို့မရတာတော့ သေချာပါတယ်။ ညဏ်အရည်အသွေးတော်ယုံတန်ယုံထက်ကျော်သွားပြီးရင် ပိုပြီးအရေးကြီးက စိတ်ဓာတ်မာကျောကြံ့ခိုင်ဖို့ပါ။ အခက်အခဲ အတားအဆီးတွေကိုအမြဲတွေ့ကြုံရမှာဖြစ်တာကြောင့် လွယ်လွယ်နဲ့ ပျော့ညံ့တဲ့လူမျိုး ဖြစ်သွား လို့မရ ပါဘူး။ အမေရိကန်နိုင်ငံက အွန်လိုင်းငွေပေးချေမှုစနစ် WePay ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ ဘေလ်ကလယ်ရစ်ကို (Bill Clerico) နဲ့ ရစ်ချ်အဘာမန်း(Rich Aberman)တို့ကို ဥပမာပေးချင်ပါတယ်။ WePay ဟာ အောင်မြင်တဲ့ …
Read More »
တက်ကနိုမေးရှင်းကုမ္ပဏီ စီးအီးအို အစ်ကိုကြီးကို ဘာလို့ ဖန်ဒင်း၊ အင်ဗက်စမန့် မယူတာလဲ
တစ်ခါတုန်းက တက်ကနိုမေးရှင်းကုမ္ပဏီ စီးအီးအို အစ်ကိုကြီးကို ဘာလို့ ဖန်ဒင်း၊ အင်ဗက်စမန့် မယူတာလဲ မေးခဲ့ဖူးပါတယ်။ သူများငွေနဲ့ဆို ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရတော့မှာ စိုးလို့ ‌ပြန်‌ဖြေခဲ့တာ မှတ်မိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့လုပ်ချင်တဲ့ ပရောဂျက်တစ်ခု မိန်းမဆီက ပါမစ်ရှင် မရလို့ အွန်လိုင်းမှာ ညည်းပြနေတာ တွေ့တော့ ပြုံးမိပါတယ်။ သူများပိုက်ဆံနဲ့ဆို လုပ်ချင်တာ မလုပ်ရမှာ ပူခဲ့သူကြီး ခုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ဘဝမျိုး ရောက်သွားပြီပေါ့။ ဪ .. အတော် ကျီစားသန်တဲ့ လောကကြီးပါလား …
Read More »
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်ဆိုတာ မနေ့က အိမ်အပြန် ကိုထူးမြင့်နောင် ကားကြုံလိုက်စီးမှ ကိုယ်တွေ့ယုံ ပါတော့တယ်။ ကားမောင်းနေစဉ် မိန်းမက ဖုန်းဆက်လာပါတယ်။ ယောက်ျား အိမ်မှာ ဟင်း မရှိတော့ဘူးတဲ့။ သူက ဟင်းနည်းလို့လား၊ ရတယ် ကြည့်စားလိုက်ပါမယ်ဆိုတော့ ငါးနဲ့ မုန်လာဥဟင်းချက်တာ ငါးက မရှိတော့ဘူး၊ ဟင်းရည်ကလည်း နဂိုကျဲပြီးသား ရေထပ်ရောလို့တောင် မရတော့ဘူူးပြောပါတယ်။ ဒါဆိုလည်း ရပါတယ်၊ ကိုကို မုန်လာဥနဲ့ပဲ ဖြစ်သလို စားလိုက်ပါမယ်ဆို တိုးလျလျလေသံနဲ့ ပြောတာကို ကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့နင့်သွားပါတယ်။ မြန်မာ့ အိုင်တီလောကတွင်း လူငယ်ဒီဗလော့ပါတွေ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး အိမ်ထောင်ကျပြီးနောက်ပိုင်း …
Read More »
အင်ဒက်စထရီ တစ်ခုလုံးကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ပြဿနာ
ယနေ့ မြန့်မာအိုင်တီ အင်ဒက်စထရီ တစ်ခုလုံးကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ပြဿနာမှာ မိန်းမကြောက်ရခြင်း ဖြစ်သည်။ မနေ့ညနေက iflix မိတ်ဆက်ပွဲသွားတုန်း မချိုဝတ်ရည်နဲ့ တွေ့လို့ ကိုမြင့်ကျော်သူ ဘယ်မတုန်း မေးမိပါသည်။ အိမ်မှာ ကလေးထိန်းပြီး ကျန်ခဲ့သတဲ့။ အစားအသောက်၊ အချက်အပြုတ်ပွဲ ဆိုလည်း တစ်မျိုးပေါ့၊ ခုဟာက အိုင်တီ ဝန်ဆောင်မှုသစ် မိတ်ဆက်ပွဲကိုတောင်မှ အိုင်တီသမား ယောက်ျားက ကလေးထိန်း၊ အိမ်စောင့်နေခဲ့ရသည်မှာ အင်မတန် ရင်နာဖို့ ကောင်းလှပါသည်။ ဟိုတစ်နေ့က ကိုထူးမြင့်နောင်၊ မနေ့က ကိုမြင့်ကျော်သူ ဒီလို အဖြစ်အပျက်တွေ ကြုံတွေ့လာရတော့မှ ကျွန်တော် ကိုရာဗီရဲ့ ဆုံးဖြတ်ချက်ကို ပိုပိုပြီး နားလည်လာပါတော့တယ်။ သူ့လို လူဘောင့်ကို အပြီး …
Read More »
Read More »
ကျွန်တော်နှင့် startup ‌ဘေးဒုက္ခသည်များ
မနေ့က ရုံးအပြီး ခပ်ပျင်းပျင်းရှိတာနဲ့ ဖန်တီးရာက startup meetup ကို ရောက်သွားပါတယ်။ ပွဲစတာနဲ့ ရှေ့က ဆွေးနွေးနေတဲ့ မြန်ဆန် startup က အစ်ကိုကြီးက ငွေပြတ်သွားလို့ ဆက်ရှင်သန်ဖို့ မနည်း ရုန်းကန်နေရကြောင်း ညည်းပြပါတယ်။ သိပ်မကြာပါဘူး ဘေးကို startup တစ်ခုမှာ လုပ်နေတဲ့ အသိငနဲတစ်ကောင် ရောက်လာပြီး ကုမ္ပဏီက လစာမရတာကြာလို့ ဘိုင်ပြတ်နေကြောင်း ငိုပြပြန်ပါတယ်။ ဒီလိုနဲ့ ပွဲအပြီး လူစုညစာသွားစားကြဖို့ ဖန်တီးရာက startup ထရိန်နာ အစ်ကိုကြီးကို ခေါ်တော့ အားရစဖွယ် အိတ်ထဲက တစ်ရွက်ထဲသော ပိုက်ဆံတစ်ထောင်တန်လေးကို ထုတ်ပြပြီး မချိပြုံး ပြံုးရှာပါတယ်။ ဒါနဲ့ မဖြစ်ပါဘူးလေဆို အဲဒီ startup …
Read More »
ကုမ္ပဏီ နာမည်ရွေးနည်း (နာမည် ပြောင်းပါ)
အယ်ဒီတာ။ ဒီစောင်းပါးမှာ ပေါလ်ဂရေဟန်က နည်းပညာကုမ္ပဏီသစ်တွေ နာမည်ရွေးရာမှာ စဉ်းစားတွေးခေါ်ပုံ၊ မရွေးသင့်တဲ့နာမည်တွေနဲ့ ဒိုမိန်းနာမည်ရွေချယ်မှုအရေးကြီးပုံ တွေကိုပုံစံသစ်နဲ့ရှင်းပြထားပါတယ်။ X လို့ခေါ်တဲ့ အမေရိန်ကန်စွန့်ဦးလုပ်ငန်းကုမ္ပဏီပိုင်ပေမယ့် x.com ဆိုတဲ့နာမည် မပိုင်ဘူး ဆိုရင်တော့ ခင်ဗျားရဲ့ ကုမ္ပဏီနာမည်ကို ပြောင်းကောင်း ပြောင်းသင့်ပါတယ်။ လူတွေက ကုမ္ပဏီကို အွန်လိုင်းမှ ရှာမရရုံကြောင့် မဟုတ်ဘူး။ အထူးသဖြင့် မိုဘိုင်းအပ်ပလီ ကေးရှင်းနဲ့ ကုမ္ပဏီတွေအတွက် ဒိုမိန်းနာမည်အတိအကြ ပိုင်ခြင်းဟာ အသုံးပြုသူများလာဖို့အဲဒီလောက် အရေး မကြီးတော့ပါဘူး။ နာမည်အတိအကြနဲ့ .com မရှိခြင်းက ကိုယ့်ရဲ့အားပျော့ချက်ကိုချ ပြနေသလိုပါပဲ။ ကိုယ်ကနာမည်အရမ်းကြီးပြီး နာမည်တစ်လုံးနဲ့ နေလာတာ မဟုပ်ရင် သူလိုကိုယ်လိုဒိုမိန်းက သူလိုကိုယ်လိုကုမ္ပဏီလေးကိုပဲ ကိုယ်စားပြုနိုင်မှာပါ။ နာမည်မှန်ဒိုမိန်း ရှိခြင်းကတော့ (Stripe.com လုပ်ပြသခဲ့သလို) သင်လုပ်တာနဲ့ဘာမှမဆိုင်ဘူးဆိုရင်တောင်မှ ခိုင်မာမှုကိုမီးမောင်းထိုးပြနိုင်ပါတယ်။ …
Read More »