Home / Language / Myanmar-Unicode / တည်ထောင်သူတွေမှာ ရှိရမယ့် အရည်အချင်း (၅)ရပ်

တည်ထောင်သူတွေမှာ ရှိရမယ့် အရည်အချင်း (၅)ရပ်

ကမ္ဘာကျော် Fobes မဂ္ဂဇင်းက ပေါ်ဂရေဟန်ကိုရင်းနှီးမြှုတ်နှံသူတစ်ယောက်အနေနဲ့ စွန်ဦးထူထောင်သူတွေမှာ ဘာတွေကိုရှာကြည့် သလဲဆိုတာကို ရေးဖို့တောင်းဆိုလို့ ရေးထားတဲ့ စာပါ။

၁- စိတ်ဓာတ်ကြံ့ခိုင်ခြင်း(Determination)

စွန့်ဦးလုပ်ငန်းတစ်ခုကို တည်ထောင်မယ့်သူတွေမှာ ရှိရမယ့် အရေးအကြီးဆုံး အရည်အသွေးပါ။ ညဏ်ရည် ထက်မြက်ဖို့ ကအရေးအကြီးဆုံးလို့ အရင်ကယူဆခဲ့ကြပါတယ်။ တည်ထောင်သူတွေက ခပ်တုံးတုံး ဖြစ်လို့မရတာတော့ သေချာပါတယ်။ ညဏ်အရည်အသွေးတော်ယုံတန်ယုံထက်ကျော်သွားပြီးရင် ပိုပြီးအရေးကြီးက စိတ်ဓာတ်မာကျောကြံ့ခိုင်ဖို့ပါ။ အခက်အခဲ အတားအဆီးတွေကိုအမြဲတွေ့ကြုံရမှာဖြစ်တာကြောင့် လွယ်လွယ်နဲ့ ပျော့ညံ့တဲ့လူမျိုး ဖြစ်သွား လို့မရ ပါဘူး။

အမေရိကန်နိုင်ငံက အွန်လိုင်းငွေပေးချေမှုစနစ် WePay ရဲ့ တည်ထောင်သူတွေဖြစ်တဲ့ ဘေလ်ကလယ်ရစ်ကို (Bill Clerico) နဲ့ ရစ်ချ်အဘာမန်း(Rich Aberman)တို့ကို ဥပမာပေးချင်ပါတယ်။ WePay ဟာ အောင်မြင်တဲ့ စွန့်ဦးကုမ္ပဏီကြီးတစ်ခု ဖြစ်နေပါပြီ။ သူတို့က ငွေကြေးနဲပတ်သက်တဲ့ စွန့်ဦးလုပ်ငန်းတစ်ခုကို လုပ်နေတာပါ။ ဒါကြောင့် ဗျူရိုကရေစီယန္တရားတွေနဲ့ဖွဲ့စည်းထားတဲ့ ကုမ္ပဏီကြီးပေါင်းမြောက်များ စွာကို ဆွေးနွေးမှုတွေ လုပ်ရပါတယ်။ စွန့်ဦးလုပ်ငန်းလေးတစ်ခုဟာ သူရပ်တည်နိုင်ရေးအတွက် ကုမ္ပဏီကြီးတွေနဲ့ ညှိုနှိုင်းနိုင်မှုအပေါ် မှီခိုနေရတယ်ဆိုရင် သိပ်တော့မလွယ်ပါဘူး။ ကိုယ့်ကိုယ် ကုမ္ပဏီကြီးတွေက ရှိတယ်လို့ကိုအသိအမှတ်မပြုချင်ကြပါဘူး။ ဒါပေမယ့် ဘေလ်ကလယ်ရစ်ကိုနဲ့ ဆွေးနွေးရပြီဆိုရင်တော့ သူပြောတဲ့အတိုင်းပဲ တစ်ဖက်လူက လက်ခံသွား ရပါတယ်။ သူက ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချထားပြီး လက်လျှော့စွန့်လွတ်သွားတယ်ဆိုတာမျိုး မရှိပါဘူး။

၂-ပြော့ပြောင်းနိုင်စွမ်း(Flexibility)

စွန့်ဦးတီထွင်လုပ်ငန်းလောကဟာ ကြိုတင်ခန့်မှန်းလို့မရပါဘူး။ သင့်ရည်မှန်းချက်တွေကို လုပ်ရင်း ကိုင်ရင်းနဲ့ ပြောင်းလဲမှုတွေ လုပ်သွားဖို့ လိုပါတယ်။ ဘောလုံးကို သယ်သွားတဲ့အခါ ရည်ရွယ်ချက် ကတော့ ဂိုးရဖို့ပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ အခြေအနေအရ နောက်ပြန်ပေးတာမျိုး၊ ဘေးဘက်ကို ဖြန့်ပေးတာမျိုး လုပ်ရမှာ ဖြစ်ပါတယ်။
သင်စိတ်ကူးထားတာထက် ကောင်းတဲ့အိုင်ဒီယာမျိုး တွေ့တယ်ဆိုရင် ပြောင်းလဲဖို့ လိုပါတယ်။ အသေဆုပ်ကိုင်ထားတာမျိုး မလုပ်သင့်ပါဘူး။ အလျှော့အတင်းနဲ့ ပြော့ပြောင်းမှုရှိဖို့ လိုပါတယ်။ အပေးအယူလုပ်ဖို့လိုပါတယ်။

နမူနာကောင်းတစ်ခုကတော့ ဒန်နီရယ် ဂရော့စ်​(Daniel Gross)။ သူက Y-Combinator မှာလာပြီးလျောက်တုန်က သိပ်မကောင်းတဲ့ e-commerce အိုင်ဒိယာနဲ့လာတာပါ။ ကျွန်တော်တို့က သူတစ်ခြားဟာ လုပ်မယ်ဆိုရင်တော့ အရင်းအနှီးထုပ်ပေးမယ် ပြောတော့ ခဏစဉ်းစားပြီး OK လို့ပြောတယ်။ တစ်ကယ်လည်း သူ့အိုင်ဒီယာ ကိုပြောင်းတယ်။​ အခုလုပ်နေတဲ့ ​Greplin မလုပ်ခင်အိုင်ဒီယာ နှစ်ခုလောက်ကိုပြောင်းပြီးမှ ဒီတစ်ခုကိုရွေးတာပါ။ နောက်ဆုံးသင်တန်းဆင်ပွဲ မတိုင်ခင်နှစ်ရက်အလိုမှဒီတစ်ခုကိုစလုပ်ဖြစ်တယ်။ ဒါပေမဲ့ လူတော်တော်စိတ်ဝင်စားကြတယ်။ ဘာလုပ်လုပ် သူကကြောင်ကျလေးကျတတ် တယ်လို့ပြောရမလိုပဲ။

၃ – စိတ်ကူးနိုင်စွမ်း (Imagination)

ညဏ်ရည်ထက်မြက်ဖို့က တကယ်အရေးကြီးပါတယ်။ ဒါ့အပြင် စိတ်ကူးနိုင်စွမ်းရှိဖို့ကပိုပြီး လိုပါသေးတယ်။ အရင်သိပြီးသားပြဿနာကို အမြန်ရှင်းနိုင်တာထက် တစ်ခါမှမတွေ့ဘူသေးတဲ့ စိတ်ကူးအထူအဆန်းလေးတွေရှိတာက တန်ဖိုးပိုရှိပါတယ်။စွန့်ဦးလောကမှာတော့ ပထမဆုံးပေါ်လာတဲ့ စိတ်ကူးအိုင်ဒီယာအများစုဟာ မကောင်းတတ်ကြပါဘူး။ ကောင်းတယ်ဆိုရင်လည်း အခြားတစ်ယောက် လုပ်ပြီးနေတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် အခြေအနေနဲ့ သင့်လျော်တဲ့ရူးသွပ်မှုမျိုးနဲ့ စိတ်ကူးနိုင်စွမ်းလိုတာဖြစ်ပါတယ်။

ဒီအချက်နဲ့ပတ်သက်လို့ Airbnb အကြောင်း ပြောပြချင်ပါတယ်။ Airbnb ဟာ အိမ်ငှားရမ်းမှု ဝန်ဆောင်မှုပေးတဲ့ ပလက်ဖောင်းတစ်ခု ဖြစ်ပါတယ်။ သူတို့က အိမ်တစ်လုံးမှ မပိုင်ပါဘူး။ တည်ထောင်ဖို့ ငွေကြေးထောက်ပံ သူတွေက Airbnb ရဲ့ စိတ်ကူးဟာ ကြောင်တောင်တောင်နိုင်တယ်လို့ ထင်ခဲ့ကြပါတယ်။ လူပေါင်းမြောက်များစွာဟာ အခြားလူပေါင်းမြောက်များစွာရဲ့ နေရာမှာ ခဏလောက် နေချင်လိမ့်မယ်လို့ မထင်ခဲ့ပါဘူးတဲ့။ သူတို့ကိုအရင်းအနှီးထုတ်ပေးတာကလည်း ထူထောင်သူတွေကိုသဘောကြလို့ဖြစ်ပါတယ်။ အရင်းအနှီးမရှိခင်က ငွေရှာတဲ့အနေနဲ့ အိုဘားမာနာမည်၊ မက်ကိန်းနာမည်နဲ့မုန့်ထုတ်ရောင်းနေတယ်လို့ကြား သွားလို့ငွေထုတ်ပေးလိုက်ကြတာပါ။ ခပ်ကြောင်ကြောင် အိုင်ဒီယာဖြစ်ပေမဲ့ အကောင်လေးဖြစ်နေသေးလို့ပေါ့။

၄ – ဆိုးပါ (Naughtiness)

အောင်မြင်တဲ့တည်ထောင်သူအများစုဟာ လူတော်တွေ ဖြစ်လေ့ရှိပါတယ်။ လုပ်ငန်းနဲ့ပတ်သက်ရင် လက်တွေ့ကျကျနဲ့ ထက်သန်စိတ်ရှိသူတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် သူတို့ကိုလိမ္မာသူတွေလို့ပြောလို့မရပါဘူး။ လူ့ကြင့်ဝတ်သိက္ခာကိုတန်ဖိုးထားကြပေမဲ့ လူ့တွေဘောင်ကွတ်သတ်မှတ်ထားတာတွေကို မလိုက်နာကြပါဘူး။ အများတွေး သလိုတွေးတတ်သူ၊ အများလုပ်သလိုပဲ လုပ်တတ်တဲ့ ပုံစံခွက်ထဲက လူမျိုးတွေတော့ မဟုတ်ပါဘူး။ ဒါကြောင့် သူတို့ကိုဆိုးတယ်လို့ ပြောနိုင်ပေမဲ့ ယုပ်မာသူတွေလို့မခေါ်နိုင်ပါ။ သူတို့ဟာ လုပ်နေကျစည်းမျဉ်းတွေကို ချိုးဖျက်ရတာမျိုးကို နှစ်သက်သူတွေ ဖြစ်ပါတယ်။ ဆိုးတယ်ဆိုတဲ့အရေအခြင်းက စိတ်ကူးနိုင်စွမ်း နဲ့တောင်ထပ်နေသလိုပါပဲ။

ဆမ်အော်တ်မန် ကကျွန်တော်တို့ Y-Combinator ရဲ့အအောင်မြင်ဆုံး ကျောင်းသားဟောင်းပါ။ သူလိုလူမျိုးတွေ ဘယ်လိုရှာရင်ကောင်းမလဲလိုသူ့ကို မေးကြည့်တော သူက စနစ်တစ်ခုကိုဘယ်လို “ဘတ်”ခဲ့ဘူသလဲလို့မေးကြည့်ပေါ့လိုပြောပါတယ်။ “ဘတ်တယ်” ဆိုတာက စနစ်ရဲ့အားနည်းအားသာချက်တွေကို သေချာလေ့လာပြီး ကိုယ့်အတွက်သူများမသုံးဘူတဲ့နည်းနဲ့အသုံးချတာကိုဆိုလိုတာပါ။ အခုလည်းဒီမေးခွန်အတွက်ဖြေထားတာကို ကျွန်တော်တို့အထူ ကရုတစိုက်ကြည့်ကြပါတယ်။

၅ – ခင်မင်မှု

တည်ထောင်သူတစ်ယောက်တည်းနဲ့ စွန့်ဦးလုပ်ငန်းလုပ်တယ်ဆိုတာ လက်တွေ့ကျကျပြောရရင်တော့ ခက်ခဲပါတယ်။ အောင်မြင်တဲ့ ကုမ္ပဏီတွေဟာ နှစ်ယောက်၊ သုံးယောက်နဲ့ စကြတာပါ။ တည်ထောင်သူတွေကြားက ခင်မင်မှုကလည်း ခိုင်မာမှဖြစ်မှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဟန်ဆောင်စရာမလိုတဲ့ ခင်မင်မှုရှိပြီး အလုပ်အတူတူလုပ်လို့ရမှပါ။ အလုပ်ကအမြဲပဲသွေးခွဲပေးနေသလိုပါပဲ တစ်ကယ်ကို ခွဲလိုမရတဲ့သူတွေပါအတွဲညီညီးကျန်နိုင်တာပါ။

အောင်မြင်တဲ့ စွန့်ဦးလုပ်ငန်း တစ်ခုဖြစ်တဲ့ Justin.tv က တည်ထောင်သူတွေဆိုရင် နှစ်တန်းကတည်းက ငယ်သူငယ်ချင်းတွေမှို့လို့ နှစ်ကိုယ့်တစ်စိတ်လိုပဲ ပါးစပ်ဟစရာမလိုပဲ တစ်ယောက်ကဘာဆိုလိုတယ်ဆိုတာ တစ်ယောက်ကသိနေပါတယ်။ ဒါတောင်မှ သူတိုနှစ်ယောက်တစ်ခြားတည်ထောင်သူတွေလိုပဲ ငြင်းကြခုန်ကြရပေမဲ့ သူတိုနှစ်ယောက်အခြင်းခြင်း စိတ်ထဲမှာမရှင်းမလင်း ရှိတယ်ဆိုတာမတွေ့ဘူပါဘူး။

Original essay here.

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …