Home / Essays / တည်ထောင်သူတွေက ကုမ္ပဏီကို ထိန်းချုပ်ထားခွင့်ရှိလား

တည်ထောင်သူတွေက ကုမ္ပဏီကို ထိန်းချုပ်ထားခွင့်ရှိလား

ကျွန်တော်တို့ ငွေကြေးမတည်ပေးခဲ့တဲ့တစ်ယောက်က VCs (စွန့်ဦး ငွေကြေးရင်းနှီးမြှပ်နှံသူ) တွေနဲ့ ဆွေးနွေးနေပါတယ်။ သူက ကျွန်တော့်ကို မေးပါတယ်။ စွန့်ဦးလုပ်ငန်းတည်ထောင်သူတွေဟာ Series A-round ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတာဟာ ဖြစ်လေ့ဖြစ်ထရှိလားလို့ မေးတာပါ။ ဒါမျိုးဖြစ်တာ ဘယ်တော့မှ မရှိသလောက်ပဲလို့ VCs တွေက ပြောနေတယ်လို့ သူက ပြောပါတယ်။

ဒီလို မရှိဘူးဆိုတာ လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကဆိုရင်တော့ အမှန်ပါပဲ။ အရင်တုန်းကဆို Series A ပြီးရင် ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားတယ်ဆိုတာ မရှိသလောက် ရှားပါတယ်။ ပုံမှန်ဘုတ်အဖွဲ့မှာဆိုရင် တည်ထောင်သူနှစ်ယောက်၊ VCs နှစ်ယောက်၊ လွပ်လပ်တဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပါတယ်။ ဒါပေမယ့် မကြာသေးခင်ကတော့ တည်ထောင်သူ တစ်ယောက်၊ VC တစ်ယောက် နဲ့ လွပ်လပ်တဲ့ အဖွဲ့ဝင်တစ်ယောက်ဆိုပြီး ဖြစ်လာပါတယ်။ နှစ်ခုစလုံးမှာတော့ တည်ထောင်သူတွေဟာ သူတို့ရဲ့ဘုတ်အဖွဲ့မှာအများစု ပါဝင်နိုင်မှုကို ဆုံးရှုံးပါတယ်။

ဒါပေမယ့်လည်း ဒီလိုဆုံးရှုံးတယ်ဆိုတာ အမြဲတမ်းတော့ မဟုတ်ပါဘူး။ Series A အပြီးမှာကို မက်ဇူကာဘတ်က Facebook ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားပါတယ်။ ဒီလိုထိန်းချုပ်တဲ့ တည်ထောင်သူတွေ ရှိတာက ဖြစ်လေ့ဖြစ်ထ ကိစ္စလား။ A round ပြီးရင် တည်ထောင်သူတွေက ထိန်းချုပ်တာဟာ ဖြစ်နေကျကိစ္စလား။ ကျွန်တော်တို့ ငွေကြေးမတည်ပေးခဲ့တဲ့ ကုမ္ပဏီတွေမှာ ဒီလိုကိစ္စမျိုးတွေဖြစ်တာ ကျွန်တော်ကြားဖူးပါတယ်။ ဒါပေမယ့် ဘယ်လောက်များတယ်ဆိုတာကိုတော့ ကျွန်တော် မသိပါဘူး။ ဒါကြောင့် ကျွန်တော်က Y-Combinator မှာရှိတဲ့ တည်ထောင်သူတွေရဲ့စာရင်းအတိုင်း အီးမေးလ်ပို့ပြီး မေးကြည့်ပါတယ်။

သူတို့ပြန်ပို့လာတဲ့စာရင်းကြောင့် ကျွန်တော်အံ့အားသင့်ရပါတယ်။ ကျွန်တော်တို့ မတည်တည်ထောင်ပေးခဲ့တဲ့ ကုမ္ပဏီတစ်ဒါဇင်လောက်မှာပဲ တည်ထောင်သူတွေဟာ A-round ပြီးရင် ဘုတ်အဖွဲ့နေရာအများစုကို ရယူထားပါတယ်။

ကျွန်တော်တို့က အများကြီးပြောင်းလည်းခါနီး အခြေအနေလေးတစ်ခုမှာ ရှိနေသလိုပါပဲ။ A-round ပြီးရင် ဘုတ်အဖွဲ့ကို တည်ထောင်သူတွေက ထိန်းချုပ်ထားတယ်ဆိုတာကို VC အများစုက မကြားဖူးတဲ့ ကိစ္စတစ်ခုလို လုပ်နေတုန်းပါပဲ။ သင်က မေးမယ်ဆိုရင်တောင် VC တွေက သင်ကပဲ မကောင်းတဲ့လူလို ဖြစ်သွားအောင် လုပ်နေကြပါတယ်။ သင်ကပဲ အတွေ့အကြုံမရှိတဲ့အူတူတူ လူလိုလို၊ သင်ကပဲ ကြီးစိုးချင်သူလိုလို ဖြစ်အောင် လုပ်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိတဲ့ တည်ထောင်သူတွေကတော့ အတွေ့အကြုံမရှိတဲ့လူလည်း မဟုတ်သလို ကြီးစိုးချင်သူတွေလည်း မဟုတ်ပါဘူး။ သူတို့ဟာ ဒီလိုလူမျိုးတွေဆိုရင်လည်း မက်ဇူကာဘတ်လို အူတူတူ” ကြီးစိုးသူတွေသာ ဖြစ်ပါတယ်။ VC တွေ လိုက်ရှာနေတဲ့လူမျိုးတွေပါ။

တည်ထောင်သူတွေက A round ပြီးရင် ထိန်းချုပ်ထားတယ်ဆိုတာ ဖြစ်တတ်တဲ့ ကိစ္စပါ။ ငွေကြေးဆိုင်ရာ အကျဉ်းအကျပ်ကျတာမျိုးမရှိခဲ့ရင် ဒီလိုထိန်းချုပ်တာဟာ လာမယ့်နှစ်တွေမှာ စံတစ်ရပ်ဖြစ် လာလိမ့်မယ်လို့တောင် ကျွန်တော်တော့ ထင်ပါတယ်။

ကုမ္ပဏီကို ထိန်းချုပ်တယ်ဆိုတာ ဘုတ်အဖွဲ့အစည်းအဝေးမှာ တခြားလူတွေကို မဲပေးပြီး ထုတ်ပစ်တယ် ဆိုတာမျိုးသက်သက်မဟုတ်ပါဘူး။ ဒီ့ထက်ပိုရှုပ်ထွေးတဲ့ ကိစ္စတစ်ခုပါ။ ကုမ္ပဏီဘုတ်အဖွဲ့နေရာကို ဘယ်လောက်ပဲရထားထား ကုမ္ပဏီရောင်းရမယ့်ကိစ္စလိုမျိုးအရေးကြီးတဲ့ ဆုံးဖြတ်ချက်ကြီးတွေမှာ ရင်းနှီးမြှပ်နှံ သူတွေက ဗီတိုအာဏာ သုံးလေ့ရှိကြပါတယ်။ ဘုတ်အဖွဲ့မှာ မဲခွဲတယ်ဆိုတာကလည်း ရှားရှားပါးပါးပါ။ ကိစ္စတော်တော်များများက မဲမပေးခင်ကတည်းက ဆွေးနွေးဆုံးဖြတ်ပြီးသားပါ။ မဲပေးမှ လုပ်ကြတဲ့ ကိစ္စမျိုး မဟုတ်ပါဘူး။ ဒီလိုဆွေးနွေးတဲ့နေရာမှာ အမြင်ခြင်း မတူကြဘူးဆိုရင်လည်း မဲခွဲလို့ ရှုံးနိုင်တဲ့ဘက်က ပျော့ပြောင်းလေ့ရှိပါတယ်။ ဘုတ်အဖွဲ့နဲ့ ပတ်သက်လို့ ဒါက လက်တွေ့ကျတဲ့အခြေအနေပါ။ သင်လုပ်ချင်တဲ့ အရာတိုင်းကို လွယ်လွယ်လေး လုပ်လို့ရတာ မဟုတ်ပါဘူး။ ဘုတ်အဖွဲ့ဟာ ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားအရ ပြုမူဆောင်ရွက်ရတာပါ။ ဒါပေမယ့် ဘုတ်အဖွဲ့မှာ နေရာအများစု ရထားမယ်ဆိုရင် ရှယ်ယာရှင်တွေရဲ့ အကျိုးစီးပွားနဲ့ပတ်သက်လို့ သင့်ရဲ့ သဘောထားအမြင်တွေက အခြားလူတွေဆီပါ ပြန့်နှံ့သွားလေ့ရှိပါတယ်။

ဒါကြောင့် ဘုတ်အဖွဲ့ကို ထိန်းချုပ်မယ်ဆိုတဲ့ ကိစ္စက လုံးဝထိန်းချုပ်လို့ရတဲ့ ကိစ္စမျိုး မဟုတ်သလို စိတ်ကူးယဉ် ကိစ္စမျိုးလည်း မဟုတ်ပါဘူး။ ကုမ္ပဏီတွေထဲမှာ ကွဲပြားမှုတွေကတော့ မလွှဲမရှောင်သာကို ရှိပါတယ်။ A round ပြီးလို့ ဘုတ်အဖွဲ့ကို တည်ထောင်သူတွေက ထိန်းထားတာဟာ စံတစ်ရပ်ဖြစ်လာမယ်ဆိုရင် စွန့်ဦးလုပ်ငန်း လောကကြီးတစ်ခုလုံးမှာလည်း အပြောင်းအလဲတွေ ဖြစ်လာပါမယ်။

စံအသစ်ကို ပြောင်းလဲကျင့်သုံးဖို့က အလွန်မြန်ဆန်ပါလိမ့်မယ်။ အကြောင်းအရင်းကတော့ တည်ထောင်သူတွေ ထိန်းချုပ်ထားတဲ့ စွန့်ဦးကုမ္ပဏီတွေဟာ အကောင်းဆုံးကုမ္ပဏီတွေ ဖြစ်လာလေ့ရှိပါတယ်။ ဒီကုမ္ပဏီတွေဟာ ပထမဦးဆုံးလမ်းကြောင်းချသူတွေ ဖြစ်လာလေ့ရှိပြီး အခြား စွန့်ဦးကုမ္ပဏီတွေနဲ့ VC တွေဟာ သူတို့ရဲ့ လမ်းကြောင်းကို လိုက်ရပါတယ်။

VC တွေ စွန့်ဦးလုပ်ငန်းရှင်တွေနဲ့ ဆွေးနွေးတဲ့အခါ မာကြောရတဲ့အကြောင်းအရင်းတွေကတော့ သူတို့ကို အနိုင်ယူသွားသလိုရှိတဲ့ သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေဆီ ပြန်သွားရမှာ ရှက်တာကြောင့်ပါ။ စာချုပ်ချုပ်တဲ့အခါ စာချုပ်စည်းမျဉ်းတွေမှာ ဘယ်လိုအကျိုးအမြတ်ကောင်းတွေရထားတယ်ဆိုတာကို သူတို့ ကြွားချင်ပါတယ်။ အများစုကတော့ တည်ထောင်သူတွေဟာ ဘုတ်အဖွဲ့ကို ထိန်းချုပ်ထားလားဆိုတဲ့ကိစ္စမျိုးကို ဂရုမစိုက်ကြပါဘူး။ သူတို့ဟာ လိုက်လျောတတ်သူတွေဆိုတဲ့ ပုံစံမျိုး မပေါက်စေချင်တာပါ။ တည်ထောင်သူတွေကို ထိန်းချုပ်ခွင့် ပြုလိုက်တာကို လိုက်လျောမှုတစ်ခုလိုထင်သွားရင် နောက်ထပ်လိုက်လျောမှုတွေ ဖြစ်လာမှာမျိုးပါ။

VC တွေပေါ်ဖိအားဖြစ်စေတဲ့ အပြောင်းအလဲတွေလိုပါပဲ။ တည်ထောင်သူတွေက ထိန်းချုပ်ထားမယ့် အပြောင်းအလဲ ဆိုတာကလည်း ထင်သလောက် ပြဿနာကြီးတစ်ခု ဖြစ်လာမှာ မဟုတ်ပါဘူး။ VC တွေက စည်းရုံးလုပ်ဆောင်နိုင်ဦးမှာပါပဲ။ အတင်းအကြပ်ကြီး လုပ်လို့မရတော့ရုံပါပဲ။ သူတို့ အတင်းအကြပ်လုပ်လို့ရတဲ့ စွန့်ဦးလုပ်ငန်းတွေကလည်း အရေးကြီးတဲ့ ကုမ္ပဏီတွေမဟုတ်ပါဘူး။ VC အများစုဟာ အကြီးအကျယ်ပေါက်တဲ့ စွန်ဦးလုပ်ငန်းနည်းနည်းလေးကနေပဲ ပိုက်ဆံရတာပါ။ ဒီလုပ်ငန်းတွေဟာလည်း သူတို့အတင်းအကြပ်လုပ် လို့ရတဲ့ လုပ်ငန်းတွေ မဟုတ်ပါဘူး။

တည်ထောင်သူတွေက ဘုတ်အဖွဲ့ကို ချုပ်ကိုင်ထားမယ်လို့ သိရတာဟာ VC တွေ ရင်းနှီးမြှပ်နှံတဲ့အခါ ပိုကောင်းတဲ့ ရွေးချယ်မှုတွေ လုပ်နိုင်ဖို့တောင် အကူအညီ ဖြစ်ပါတယ်။ တည်ထောင်သူတွေကို ထုတ်လို့မရ ဘူးဆိုတာသိရင် သူတို့ယုံရတဲ့ တည်ထောင်သူကိုပဲ ရွေးရပါလိမ့်မယ်။ ပြီးတော့ တောက်လျှောက် သူတို့ရွေးချယ် နေရမှာကလည်း ဒီလူတွေပါပဲ။

Original Essay in English by Paul Graham here. http://www.paulgraham.com/control.html

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …