Home / Business / ကုမ္ပဏီ နာမည်ရွေးနည်း (နာမည် ပြောင်းပါ)

ကုမ္ပဏီ နာမည်ရွေးနည်း (နာမည် ပြောင်းပါ)

အယ်ဒီတာ။ ဒီစောင်းပါးမှာ ပေါလ်ဂရေဟန်က နည်းပညာကုမ္ပဏီသစ်တွေ နာမည်ရွေးရာမှာ စဉ်းစားတွေးခေါ်ပုံ၊ မရွေးသင့်တဲ့နာမည်တွေနဲ့ ဒိုမိန်းနာမည်ရွေချယ်မှုအရေးကြီးပုံ တွေကိုပုံစံသစ်နဲ့ရှင်းပြထားပါတယ်။

X လို့ခေါ်တဲ့ အမေရိန်ကန်စွန့်ဦးလုပ်ငန်းကုမ္ပဏီပိုင်ပေမယ့် x.com ဆိုတဲ့နာမည် မပိုင်ဘူး ဆိုရင်တော့ ခင်ဗျားရဲ့ ကုမ္ပဏီနာမည်ကို ပြောင်းကောင်း ပြောင်းသင့်ပါတယ်။

လူတွေက ကုမ္ပဏီကို အွန်လိုင်းမှ ရှာမရရုံကြောင့် မဟုတ်ဘူး။ အထူးသဖြင့် မိုဘိုင်းအပ်ပလီ ကေးရှင်းနဲ့ ကုမ္ပဏီတွေအတွက် ဒိုမိန်းနာမည်အတိအကြ ပိုင်ခြင်းဟာ အသုံးပြုသူများလာဖို့အဲဒီလောက် အရေး မကြီးတော့ပါဘူး။ နာမည်အတိအကြနဲ့ .com မရှိခြင်းက ကိုယ့်ရဲ့အားပျော့ချက်ကိုချ ပြနေသလိုပါပဲ။ ကိုယ်ကနာမည်အရမ်းကြီးပြီး နာမည်တစ်လုံးနဲ့ နေလာတာ မဟုပ်ရင် သူလိုကိုယ်လိုဒိုမိန်းက သူလိုကိုယ်လိုကုမ္ပဏီလေးကိုပဲ ကိုယ်စားပြုနိုင်မှာပါ။ နာမည်မှန်ဒိုမိန်း ရှိခြင်းကတော့ (Stripe.com လုပ်ပြသခဲ့သလို) သင်လုပ်တာနဲ့ဘာမှမဆိုင်ဘူးဆိုရင်တောင်မှ ခိုင်မာမှုကိုမီးမောင်းထိုးပြနိုင်ပါတယ်။

စွန့်ဦးလုပ်ငန်း တည်ထောင်သူကောင်းတွေကတောင် ဒီအယူအဆကို မယုံနိုင်ဖြစ်တပ်ပါတယ်။ သူတို့မယုံရတဲ့ အဓိကအချက်ကြီးနှစ်ချက်က။ ။ အမှတ်လက္ခဏာ (identity) နဲ့ စိတ်ကူးစိတ်သမ်း ကင်းမဲ့ခြင်း ဖြစ်ပါတယ်။

ငါတို့က ဒီနာမည်အတိုင်းဖြစ်ရမည် ဆိုတာပဲလို့ တည်ထောင်သူတွေက တွေးပြီးရင် တခြားနာမည်ကောင်းတာ မရှိတော့ဘူးလို့လည်း တွေးပါတယ်။ နှစ်ခုစလုံးဟာ မှားပါတယ်။

ပထမပြဿနာကိုပြင်ချင်ရ ခြေလှမ်းနောက်တစ်လှမ်းလောက်ဆုတ်ပြီး ခပ်ဝေးဝေးကနေပြဿနာကို ကြည့်ကြည့်ရပါတယ်။ ကိုယ့်ကုမ္ပဏီကို အခြားနာမည်တစ်ခုခု မှည့်ပြီးပြီလို့ စိတ်ကူးကြည့်ပါ။ သေချာတာကတော့၊ ဒီနာမည်ကိုလည်း အခုလက်ရှိနာမည်ထက်တောင် တွယ်တာလာနိုင်ပါတယ်။ လက်ရှိပေးလက်စနာမည်ကိုတောင် ပြန်ပြောင်းဖို့ဆိုတာ မသတီစရကြီးလိုလိုဖြစ်သွားရော။

လက်ရှိနာမည်ဟာ ပကတိ တကယ့်တန်ဖိုးရှိတဲ့နာမည်ကောင်းကြီးတစ်ခုဖြစ်တယ်ဆိုတာမျိုး မဟုပ်ပါဘူး။ နာမည်ကိုရှိတဲ့သံယောဇဉ်တွေ တွယ်တာတာတွေ အားလုံးနီးပါးက ကိုယ်ပေးလိုက်တဲ့နာမည်လေးဖြစ်နေလို့ပါပဲ။

ဒုတိယအမျိုးအစားကတော့ ဖြစ်နိုင်ချေရှိတဲ့ အခြားနာမည်တွေကို သင့်ရဲ့ မတွေးခေါ်နိုင်မှုဖြစ်ပါတယ်။ ဒါကို ဖြေဖျောက်ဖို့အတွက်ကတော့ ကိုယ့်ကိုကိုယ် နာမည်ပေး မကောင်းဘူးဆိုတာကို လက်ခံဖို့လိုပါတယ်။ နာမည်ပေးကောင်းတယ်ဆိုတာ တည်ထောင်သူကောင်း တစ်ယောက်ဖြစ်ဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှုတွေနဲ့ မဆိုင်ဘဲ သီးခြားရှိနေတဲ့ စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ တည်ထောင်သူကောင်းကြီးတစ်ယောက်ဖြစ်နိုင်ပေမဲ့ ကုမ္ပဏီအတွက် နာမည်ပေးဖို့စဉ်းစားရာမှာတော့ ညံ့တာမျိုး ဖြစ်တတ်ပါတယ်။

ဒီလိုညံ့တတ်တာကို သင်လက်ခံလိုက်ပြီဆိုတာနဲ့ တခြားမှည့်စရာနာမည် မရှိတော့ဘူးဆိုတာကိုလည်း မယုံကြည်တော့ပါဘူး။ ဒီလိုနာမည်မျိုး၊ ဒါမှမဟုတ် ဒီ့ထက်ကောင်းတဲ့ ဖြစ်နိုင်ခြေနာမည်မျိုး အမြောက်အများရှိပါတယ်။ သင် ဒီနာမည်တွေကို မတွေးနိုင်တာပဲ ဖြစ်ပါတယ်။

နာမည်တွေကို ဘယ်လိုရှာမလဲ။ အဖြေတစ်ခုကတော့ သင်မနိုင်တဲ့ပြဿနာတွေကို အမြဲဖြေ ရှင်းနေကြနည်းလမ်းအတိုင်းပါပဲ။ နာမည်တွေကို စဉ်းစားပေးနိုင်တဲ့သူ တစ်ယောက်ရှာပါ။ ကုမ္ပဏီနာမည်အတွက်ဆိုရင်တော့ ဖြေရှင်းနိုင်တဲ့ အခြားနည်းလမ်းတွေ ရှိပါသေးတယ်။ နာမည်ဆိုးဆိုးမဟုတ်ကြောင်း ထင်ထင်ရှားရှားရှိတဲ့ စကားလုံးတွေ၊ စကားတွဲတွေအားလုံးနီးပါးဟာ ပေးလို့ရတဲ့ နာမည်တွေ ဖြစ်ပါတယ်။ ဒီနာမည်တွေနဲ့ ဒိုမိန်းနာမည်တွေကလည်း စျေးပေါပြီး တစ်ချို့စိုရင် ဘယ်သူမှဝယ်မထားသေးလောက် အောင်တောင် ပေါများပါတယ်။ ဒါကြောင့် စာရင်းတစ်ခုလုပ်ပြီး အချို့ကိုဝယ်ဖို့ ကြိုးစားပါ။ Stripe လုပ်ခဲ့တာလည်း ဒီလိုမျိုးပဲ ဖြစ်ပါတယ်။ (သူတို့ရှာတာတစ်ခုက parse.com ဖြစ်ပါတယ်။ Parse ကိုက တခြားသူတွေယူပြီးသားဖြစ်သွားတယ်။)

ကုမ္ပဏီနာမည်ပေးခြင်းဟာ စွန့်ဦးလုပ်ငန်းတစ်ခုမှာ လိုအပ်တဲ့ အခြားကျွမ်းကျင်မှုတွေနဲ့ သီးခြားစီလို့ပြောရတာက ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရလို့ပါ။ YC (Y Combnitor) ကို ကျွန်တော် လုပ်နေပြီး စွန့်ဦးကုမ္ပဏီတွေနဲ့ တစ်ရောက်ခြင်းတွေ့ပြီး အကြံပေးနေရတုန်းက သူတို့နာမည်သစ်တွေ တွေ့သွား အောင် ကျွန်တော်က ကူညီရလေ့ရှိပါတယ်။ ကြိမ်ရေ ၈၀ ရာခိုင်နှုန်းကို မိနစ်နှစ်ဆယ်အတွင်း နာမည် ကောင်းတစ်ခုအနည်းဆုံးရှာနိုင်ပါတယ်။

အခုတော့ အကြံပေးချိန်တွေမှာ အခြားအရေးပါတဲ့ မေးခွန်းတွေကို ပိုအာရုံစိုက်ပါတယ်။ ကုမ္ပဏီက ဘာလုပ်နေတာလဲ ဆိုတဲ့ မေးခွန်းမျိုးတွေဖြစ်ပါတယ်။ သူတို့နာမည်ပြောင်းဖို့ လိုတယ်ထင်ရင်တော့ ကျွန်တော်က ပြောပြပါတယ်။ ဒါပေမဲ့ ဘာအကြောင်းတွေကြောင့် ဒီနာမည်တွေကိုဖက်တွယ်ထားမယ်ဆိုတာ ကျွန်တော်သိပါတယ်။ ဒီအကြောင်းတွေကြောင့်ပဲ အများစုကတော့ ကျွန်တော့်ပြောစကားကိုနားမထောင်ပါဘူး။

ကုမ္ပဏီနာမည်နဲ့ .com နာမည်မရှိဘဲ အောင်မြင်သွားတဲ့ နမူနာ စွန့်ဦးကုမ္ပဏီတွေလည်း ရှိပါတယ်။ အမှားအမျိုးမျိုးရှိပေမဲ့ အောင်မြင်သွားတဲ့ ကုမ္ပဏီတွေလည်းရှိပါတယ်။ ဒါပေမဲ့ နာမည်နဲ့ပတ်သက်တဲ့ အမှားကတော့ အမှားအများစုလို ခွင့်လွှတ်စရာ မကောင်းလှပါဘူး။ ပြဿနာရှိတယ်ဆိုတာကို ဝန်ခံတတ်တဲ့ အလေ့အကျင့် စိတ်ဓာတ်မျိုး ရှိတဲ့လူဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပြင်လို့ရတဲ့ ပြဿနာ ဖြစ်ပါတယ်။

ထိပ်တန်း YC ကုမ္ပဏီအခု ၂၀ မှာ ၁၀၀ ရာခိုင်နှုန်းဟာ သူတို့နာမည်တွေနဲ့ .com နာမည် ရှိပါတယ်။ ထိပ်တန်း ၅၀ မှာ ၉၄ ရာခိုင်နှုန်း ရှိပါတယ်။ လက်ရှိအသုတ်မှာတော့ ကုမ္ပဏီ ၆၆ ရာခိုင်နှုန်းကပဲ သူတို့ရဲ့ .com နာမည် ရှိပါတယ်။ ဆိုလိုတာကတော့ဒီတစ်သုပ်ထဲကတော်တော်များများက တစ်နည်းမဟုပ်တစ်နည်းနဲ့ သင်ခန်းစာတွေကြုံကြရကြ​ဦးမှာ ပဲဖြစ်ပါတယ်။

Original article in English.

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …