Startup95

မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း

မိန်းမဘေးရှာင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း

မနေ့ညက ကားလက်မှတ်တွေ ရောင်းစားနေတဲ့ စတတပ် ကုမ္ပဏီ စီအီးအို အစ်ကိုကြီးက ညစာကျွေးမယ်ဆိုလို့ လိုက်သွားမိပါတယ်။ ခါတိုင်း ပီဇာ၊ ပက်စတာ စတဲ့ ကောင်းပေ့ဆိုတဲ့ ဆိုင်တွေမှ ဝင်စားတတ်တဲ့ လူကြီး ဒီတစ်ခါ စလပ်ဆိုင် ခေါ်သွားတော့ အခြေအနေ သိပ်မဟန်တော့ဘူး ဆိုတာ နည်းနည်းတော့ ရိပ်မိလိုက်ပါတယ်။ …
စားရင်းသောက်ရင်း ပြည်တွင်းအိုင်တီ ကုမ္ပဏီများ အပြိုင်အဆိုင်များကြောင်း၊ ဝန်ထမ်း ရှာရခက်ကြောင်း၊ အင်ဗက်စတာများ လက်ပေါက်ကပ်ကြောင်း၊ စင်ကာပူမှာဆို မည်သို့မည်ပုံ ဖြစ်ကြောင်း တတွတ်တွတ် ညည်းတော့ … ဒါဆိုလဲဗျာ ခင်ဗျား စင်ကာပူပဲ ပြန်ပြီး လုပ်ပါ‌လာပြောတော့ မိန်းမက စင်ကာပူမှာ ရှိနေတာမို့ လွတ်လွတ်လပ်လပ်နေချင်လို့ ပြည်တွင်းမှာ ကြုံရာဖြစ်ရာ စတတပ်လုပ်ပြီး အတင်း ကပ်နေနေတာ ဖြစ်ကြောင်း ဝန်ခံသွားရှာပါတယ်။
နောက်ဆုံး စားသောက်ပြီး ရှင်းပြန်ဖို့ လုပ်တော့ လျှာရှည်ပြီး အရင်တိုက်ခန်းမှာ နေတုန်းပဲလား မေးမိတော့ အခန်းငှားခ မတတ်နိုင်တော့လို့ မိဘအိမ် ပြန်ကပ်နေရပြီ ဖြစ်ကြောင်း သနားကမား ပြောရှာတော့ ကျွန်တော့ခမျာ သူကျွေးတာ မစားရက်ဘဲ ကိုယ့်ပိုက်ဆံ ကိုယ်ထုတ်ရှင်းခဲ့ရပါကြောင်း မှတ်တမ်းတင်လိုက်ရပါတယ်။

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.
Exit mobile version