Home / Tag Archives: Meals
Tag Archives: Meals
မိန်းမဘေး ရှောင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း
မိန်းမဘေးရှာင်ပြေးရာမှ အိမ်ခန်းတောင် မငှားနိုင်‌တော့သော စတတပ်သမားတစ်ဦး အကြောင်း မနေ့ညက ကားလက်မှတ်တွေ ရောင်းစားနေတဲ့ စတတပ် ကုမ္ပဏီ စီအီးအို အစ်ကိုကြီးက ညစာကျွေးမယ်ဆိုလို့ လိုက်သွားမိပါတယ်။ ခါတိုင်း ပီဇာ၊ ပက်စတာ စတဲ့ ကောင်းပေ့ဆိုတဲ့ ဆိုင်တွေမှ ဝင်စားတတ်တဲ့ လူကြီး ဒီတစ်ခါ စလပ်ဆိုင် ခေါ်သွားတော့ အခြေအနေ သိပ်မဟန်တော့ဘူး ဆိုတာ နည်းနည်းတော့ ရိပ်မိလိုက်ပါတယ်။ … စားရင်းသောက်ရင်း ပြည်တွင်းအိုင်တီ ကုမ္ပဏီများ အပြိုင်အဆိုင်များကြောင်း၊ ဝန်ထမ်း ရှာရခက်ကြောင်း၊ အင်ဗက်စတာများ လက်ပေါက်ကပ်ကြောင်း၊ စင်ကာပူမှာဆို မည်သို့မည်ပုံ ဖြစ်ကြောင်း တတွတ်တွတ် ညည်းတော့ … ဒါဆိုလဲဗျာ ခင်ဗျား စင်ကာပူပဲ ပြန်ပြီး လုပ်ပါ‌လာပြောတော့ …
Read More »
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်
အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်ဆိုတာ မနေ့က အိမ်အပြန် ကိုထူးမြင့်နောင် ကားကြုံလိုက်စီးမှ ကိုယ်တွေ့ယုံ ပါတော့တယ်။ ကားမောင်းနေစဉ် မိန်းမက ဖုန်းဆက်လာပါတယ်။ ယောက်ျား အိမ်မှာ ဟင်း မရှိတော့ဘူးတဲ့။ သူက ဟင်းနည်းလို့လား၊ ရတယ် ကြည့်စားလိုက်ပါမယ်ဆိုတော့ ငါးနဲ့ မုန်လာဥဟင်းချက်တာ ငါးက မရှိတော့ဘူး၊ ဟင်းရည်ကလည်း နဂိုကျဲပြီးသား ရေထပ်ရောလို့တောင် မရတော့ဘူးပြောပါတယ်။ ဒါဆိုလည်း ရပါတယ်၊ ကိုကို မုန်လာဥနဲ့ပဲ ဖြစ်သလို စားလိုက်ပါမယ်ဆို တိုးလျလျလေသံနဲ့ ပြောတာကို ကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့နင့်သွားပါတယ်။ မြန်မာ့ အိုင်တီလောကတွင်း လူငယ်ဒီဗလော့ပါတွေ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး အိမ်ထောင်ကျပြီးနောက်ပိုင်း …
Read More »
Read More »
ကျွန်တော်နှင့် startup ‌ဘေးဒုက္ခသည်များ
မနေ့က ရုံးအပြီး ခပ်ပျင်းပျင်းရှိတာနဲ့ ဖန်တီးရာက startup meetup ကို ရောက်သွားပါတယ်။ ပွဲစတာနဲ့ ရှေ့က ဆွေးနွေးနေတဲ့ မြန်ဆန် startup က အစ်ကိုကြီးက ငွေပြတ်သွားလို့ ဆက်ရှင်သန်ဖို့ မနည်း ရုန်းကန်နေရကြောင်း ညည်းပြပါတယ်။ သိပ်မကြာပါဘူး ဘေးကို startup တစ်ခုမှာ လုပ်နေတဲ့ အသိငနဲတစ်ကောင် ရောက်လာပြီး ကုမ္ပဏီက လစာမရတာကြာလို့ ဘိုင်ပြတ်နေကြောင်း ငိုပြပြန်ပါတယ်။ ဒီလိုနဲ့ ပွဲအပြီး လူစုညစာသွားစားကြဖို့ ဖန်တီးရာက startup ထရိန်နာ အစ်ကိုကြီးကို ခေါ်တော့ အားရစဖွယ် အိတ်ထဲက တစ်ရွက်ထဲသော ပိုက်ဆံတစ်ထောင်တန်လေးကို ထုတ်ပြပြီး မချိပြုံး ပြံုးရှာပါတယ်။ ဒါနဲ့ မဖြစ်ပါဘူးလေဆို အဲဒီ startup …
Read More »