Home / Essays / အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်

အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်

အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်ဆိုတာ မနေ့က အိမ်အပြန် ကိုထူးမြင့်နောင် ကားကြုံလိုက်စီးမှ ကိုယ်တွေ့ယုံ ပါတော့တယ်။

ကားမောင်းနေစဉ် မိန်းမက ဖုန်းဆက်လာပါတယ်။ ယောက်ျား အိမ်မှာ ဟင်း မရှိတော့ဘူးတဲ့။ သူက ဟင်းနည်းလို့လား၊ ရတယ် ကြည့်စားလိုက်ပါမယ်ဆိုတော့ ငါးနဲ့ မုန်လာဥဟင်းချက်တာ ငါးက မရှိတော့ဘူး၊ ဟင်းရည်ကလည်း နဂိုကျဲပြီးသား ရေထပ်ရောလို့တောင် မရတော့ဘူးပြောပါတယ်။ ဒါဆိုလည်း ရပါတယ်၊ ကိုကို မုန်လာဥနဲ့ပဲ ဖြစ်သလို စားလိုက်ပါမယ်ဆို တိုးလျလျလေသံနဲ့ ပြောတာကို ကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့နင့်သွားပါတယ်။

မြန်မာ့ အိုင်တီလောကတွင်း လူငယ်ဒီဗလော့ပါတွေ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး အိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝကို ခုလိုဖြတ်သန်းနေရတာ မြင်ပြီး ကျွန်တော် သံဝေဂရမိပါတယ်။

မနေ့ညက သန်းခေါင်တစ်နာရီကျော်ထိ ကျွန်တော် အိပ်မပျော်နိုင်ပါဘူး။ မျက်လုံးထဲမှာ ကိုထူးမြင့်နောင် ထမင်းကြမ်းနဲ့ မုန်လာဥဖတ် လေးတွေနယ် အခြောက်စားနေပုံကို မြင်ယောင်ကြည့်မိရင်းနဲ့ …

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …