Startup95

UMG Group: မြန်မာ Startup မြင်ကွင်းသို့ ထပ်လောင်းထည့်ခြင်း

UMG Group: မြန်မာနိုင်ငံမှာ အကြီးစားပစ္စည်းကိရိယာတွေကို ဖြန့်ချီနေတဲ့ အကြီးမားဆုံးသော ဖြန့်ချီသူတွေထဲက တစ်ခု အပါအဝင်ဖြစ်ပါပြီး သူတို့က UMG Idealab လို့ခေါ်တဲ့ ပဏာမခြေလှမ်းတစ်ခုကို စတင်လိုက်ပါပြီ။ ဖေဖော်ဝါရီ ၄ ရက် ၂၀၁၇ မှာ ကျင်းပခဲ့တဲ့ သူတို့ရဲ့ စတင်မိတ်ဆက်ပွဲမှာ Idealab နဲ့ ပတ်သက်ပြီး လူစိတ်ဝင်စားမှုကို ရစေခဲ့တဲ့ အရာတွေကတော့ ၃ ခုရှိပါတယ်။ အဲ့ဒါတွေကတော့ ပြုစုပျိုးထောင်တဲ့ အစီအစဥ်၊ အကြံဉာဏ်ပြိုင်ပွဲနဲ့ မကြာသေးခင်ကပဲ အောင်မြင်ရထားတဲ့ သူတို့ရဲ့ Beexpress တို့ပဲ ဖြစ်ပါတယ်။

ရန်ကုန်ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းမှ UMG Idealab စတင်မိတ်ဆက်ပွဲတွင် အဖွင့်စကားပြောကြားစဥ်

ပြုစုပျိုးထောင်အစီအစဥ် (Nurturing Program-Incubation)

“ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ နောက် ၁၅ နှစ်အတွင်းမှာ startup တစ်ထောင်ကို ဖန်တီးသွားဖို့ပါပဲ။ အဲ့လိုလုပ်ဖို့အတွက် ကုမ္ပဏီစတင်တည်ထောင်တဲ့သူ တစ်ထောင်ကနေ သုံးထောင်ကြားကို အထောက်အပံ့ပေးဖို့ ရှာနေပါတယ်။ အဲဒီ့ကုမ္ပဏီစတင်တည်ထောင်တဲ့သူတွေကနေပြီးမှ လူပေါင်း ၅၀,၀၀၀ကို အလုပ်ခန့်နိုင်မှာဖြစ်ပါတယ်။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် မြန်မာနိုင်ငံသူ၊ နိုင်ငံသား ၅ သန်း အတွက် ကောင်းမွန်တဲ့အကျိုးသက်ရောက်မှုတွေကို ဖန်တီးနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ မစ္စတာ Kiwi Aliwarga က ကြေငြာသွားပါတယ်။
အကြံဉာဏ်ရှိ၊ စိတ်အားထက်သန်ပြီး အားထုတ်ကြိုးပမ်းမယ့် ကုမ္ပဏီစတင်တည်ထောင်တဲ့သူတွေကို စီးပွားရေးလုပ်တဲ့နေရာမှာ အောင်မြင်မှုရတဲ့အထိ အထောက်အပံ့ပေးသွားဖို့ ရေးဆွဲထားတဲ့ အစီအစဥ်တစ်ခုပဲ ဖြစ်ပါတယ်။ မြို့ပေါင်း ၅၀ မှာ ရှိတဲ့ UMG Group နဲ့ ချိတ်ဆက်ထားတဲ့ ရုံးတွေကို အသုံးပြုနိုင်တာ၊ ဥပဒေနဲ့ တံဆိပ်ပိုင်းဆိုင်ရာ ကိစ္စရပ်တွေမှာ တိုင်ပင်ပေးတာ၊ စီမံခန့်ခွဲမှုဆိုင်ရာ အကြံပေးချက်တွေ ပေးတာ၊ startup အဖွဲ့တစ်ခုဖြစ်အောင် တည်ထောင်တဲ့နေရာမှာ ကူညီပေးတာ နဲ့ ခန့်မှန်းခြေ ဒေါ်လာ လေးသောင်းရှိတဲ့ မြန်မာငွေ သိန်း ၅၀၀ တွေကိုလည်း ပြုစုပျိုးထောင်မယ့် startup တွေကို ထောက်ပံ့သွားမှာ ဖြစ်ပါတယ်။ အသေးစိတ်အချက်အလက်အကိုတော့ ကိစ္စရပ်တစ်ခုချင်းစီ မူတည်ပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

UMG ရဲ့ စီးပွားရေးလုပ်ငန်းတစ်ခုကို မီးမောင်းထိုးပြရမယ်ဆိုရင်တော့ မကြာသေးခင်ကပဲ ရန်ကုန်မှာ ဖွင့်လိုက်တဲ့ Waterboom ပဲ ဖြစ်ပါတယ်။ အဲဒီ့ Waterboom ကို အရွေးခံရတဲ့ startup တွေကနေပြီးတော့ သူတို့ရဲ့ အဖွဲ့တိုးတက်မှုပိုင်းဆိုင်ရာ လှုပ်ရှားမှုတွေလုပ်တဲ့အခါမှာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

 

မြန်မာနိုင်ငံအနှံ့အပြားတွင် ရှိသော UMG Group ၏ ရုံးများကို ပြထားသည့် မြေပုံ (ကိုးကား http://umgmyanmar.com/?page_id=17100)

“UMG Group ရဲ့ အားသာချက်ဖြစ်တဲ့ ဖြန့်ချီရေး၊ ကြီးမားတဲ့ စက်ပစ္စည်းတွေ၊ ဖျော်ဖြေရးနဲ့ အချက်အလက်စင်တာတို့ကို အရယူနိုင်တဲ့ startup က အစီအစဥ်ရဲ့ အကျိုးအမြတ်တွေကို အများဆုံး ရမှာပဲ ဖြစ်ပါတယ်” လို့ UMG ရဲ့ ပြုစုပျိုးထောင်အစီအစဥ်ရဲ့ ခေါင်းဆောင်ဖြစ်တဲ့ မစ္စတာ Arif Yuliannur က ပြောသွားပါတယ်။

အကြံဉာဏ်ပြုစုပျိုးထောင်တဲ့ အစီအစဥ်ကို လျှောက်ချင်တဲ့လူတွေအနေနဲ့ http://umgidealab.com/apply မှာ လျှောက်လို့ ရပါတယ်။ အရွေးခံရတဲ့သူက ပြုစုပျိုးထောင်တာနဲ့ ထောက်ပံ့ငွေရဖို့အတွက် အရွေးချယ်ခံရဖို့ တင်ပြမှု(presentation) တစ်ခုလုပ်ပေးဖို့ တောင်းဆိုခံရမှာ ဖြစ်ပါတယ်။

အကြံဉာဏ်ပြိုင်ပွဲ (Idea Competition)

UMG Idealab ကပြုစုပျိုးထောင်အစီအစဥ်အပြင် အကြံဉာဏ်ပြိုင်ပွဲကိုပါ ကြေငြာအသိပေးနေပါတယ်။ အဲ့ဒါကတော့ အခုကနေစပြီး ဧပြီလ ၁၀ ရက်နေ့ထိ စာရင်းပေးလို့ ရနေပါပြီ။ စီစဥ်သူတွေကနေပြီးတော့ ဧပြီနဲ့ မေလမှာ လျှောက်လွှာတွေကို ဆန်းစစ်မှာဖြစ်ပြီး ၂၀၁၇ ဇွန်လ ၁၀ရက်နေ့ မှာ ထိပ်တန်း အကြံဉာဏ် ၃ ခုကို ကြေငြာသွားမှာပါ။ ဘာဆုတွေ ဖြစ်မယ်၊ ဘာတွေပေါ်မူတည်ပြီး ဆန်းစစ်မယ် ဆိုတာကတော့ သိပ်မကြာခင်မှာ သိရမယ်လို့ မျှော်လင့်ပါတယ်။ စိတ်ဝင်စားတဲ့သူတွေ အနေနဲ့ သူတို့ရဲ့ Facebook စာမျက်နှာကို လိုက်ကြည့်ထားလို့ ရပါတယ်။ http://fb.com/umgidealab/

UMG Idealab မှ လတ်တလောပြုစုပျိုးထောင်နေသည့် startup များ

UMG Idealab က လတ်တလောပြုစုပျိုးထောင်ထားတဲ့ Beexpress ကတော့ မြန်မာနိုင်ငံရဲ့ မြောက်ပိုင်းအစွန်မှာ ဖြစ်တဲ့ ဖားကန့်လို မြို့တွေအပါအဝင် မြန်မာနိုင်ငံက မြို့ပေါင်း ၃၉ မြို့တွေပါဝင်တဲ့ အရောက်ပို့ဝန်ဆောင်မှုတွေကို မိတ်ဆက်ခဲ့ပါတယ်။ အရောက်ပို့ဝန်ဆောင်မှုက တခြား e-commerce ဈေးကွက်တွေကလည်း ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံက လိပ်စာမတိကျမှုနဲ့ ပတ်သက်တဲ့ ပြဿနာကို ရင်ဆိုင်ရတော့မှာ မဟုတ်ဘဲ ဝန်ဆောင်မှုက ပေးတဲ့ တည်နေရာပေါ်မူတည်ပြီး အသုံးပြုမယ့်သူတွေက အထုပ်တွေကို လာပေး၊ လာယူရမယ့်အပေါ်မှာ ဦးစားပေးအာရုံစိုက်ထားပါတယ်။

Beexpress အပြင် UMG ရဲ့ site မှာ တင်ထားတဲ့ စာရင်းတွေအရ UMG Idealab မှ ပြုစုပျိုးထောင်နေတဲ့ startup တွေကတော့ Bcarry၊ My Doctor၊ SideJob၊ WinKyat နဲ့ Hokeba တို့ပဲ ဖြစ်ပါတယ်။

Exit mobile version