Home / Essays / စွန့်ဦးတီထွင်လုပ်ငန်း လုပ်မယ်ဆိုရင် အရေးကြီးဆုံး (၁၃) ချက်

စွန့်ဦးတီထွင်လုပ်ငန်း လုပ်မယ်ဆိုရင် အရေးကြီးဆုံး (၁၃) ချက်

စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲပြောခဲ့တဲ့ အရာတွေထဲက တစ်ခုကတော့ ပေါဘာခိုက်(Paul Buchheit) ဆီကနေ ကျွန်တော်လေ့လာခဲ့ရတဲ့ အရာတစ်ခုပါ။ လူအများကြီး ပျော်သလိုလိုဖြစ်အောင် လုပ်ပေးတာထက် လူနည်းနည်းလေးကိုပဲ တကယ်ပျော်အောင်လုပ်ပေးတာက ပိုကောင်းတယ်ဆိုတာ ပါ။ မကြာသေးခင်က သတင်းထောက်တစ်ယောက်ကိုလည်း ကျွန်တော်ပြောခဲ့ပါသေးတယ်။ စွန့်ဦး တီထွင်လုပ်ငန်းနဲ့ပတ်သက်လို့ ၁၀ ခုပြောဆိုရင် အဲ့ထဲမှာပါမယ့်တစ်ခုက လူနည်းနည်းလေးကို ပျော်အောင်လုပ်တာ ပိုကောင်းတယ်ဆိုတာပါပဲ။ ဒါနဲ့ ကျွန်တော်လည်း စဉ်းစားတယ်။ ကျန်တဲ့ ၉ ခုက ဘာဖြစ်မလဲပေါ့။

စာရင်းလည်း ချလုပ်ကြည့်ရော ၁၃ ခု ဖြစ်သွားပါတယ်။

၁ – တွဲဖက်တည်ထောင်သူကောင်းကောင်းကို ရွေး

စွန့်ဦးတီထွင်လုပ်ငန်းအတွက် တွဲဖက်တည်ထောင်သူဆိုတာ အိမ်ခြံမြေလုပ်ငန်းအတွက် မြေနေရာ လိုပါပဲ။ အိမ်နဲ့ပက်သတ်လို့အားလုံးပြောင်းလို့ရပေမဲ့ မြေနေရာကတော့ ပြောင်းလို့မရပါဘူး။ စွန့်ဦး တီထွင်လုပ်ငန်းမှာ ခင်ဗျားရဲ့ အိုင်ဒီယာကို လွယ်လွယ်ကူကူ ပြောင်းလို့ရပေမဲ့ တွဲဖက်ကိုတော့ ပြောင်းရတာ ခက်ပါတယ်။ စွန့်ဦးလုပ်ငန်းရဲ့အောင်မြင်မှုဆိုတာ ပူးပေါင်းတည်ထောင်သူတွေရဲ့ ပူးပေါင်းလုပ်ဆောင်မှုတစ်ခုလို့တောင်မှ ဆိုရမှာပါပဲ။

၂ – မြန်မြန်မိတ်ဆက်

ထုတ်ကုန်ကို မြန်မြန်မိတ်ဆက်ပြီးဖြန့်ရတဲ့ အကြောင်းအရင်းကတော့ စျေးကွက်ထဲ စောစော ရောက်ဖို့က အလွန်အရေးကြီးလို့ပါ။ မိတ်ဆက်ဖြန့်ချီပြီးတဲ့ထိတောင် သင်က တကယ်စ မလုပ်ရ သေးပါဘူး။ မိတ်ဆက်ဖြန့်ချီလိုက်ခြင်းက သင်ဘာကိုလုပ်လိုက်သင့်တယ်ဆိုတာကို သိလာ မှာဖြစ်ပါတယ်။ အဲဒါကိုမသိမချင်း အချိန်တွေဖြုန်းတီးမိနေတာပါ။ မိတ်ဆက်ဖြန့်ချီရတဲ့ အဓိက အကြောင်းရင်းက သုံးစွဲသူတွေနဲ့ထိတွေ့ဖို့က ဖြစ်ပါလာတယ်။

၃- အိုင်ဒီယာကို ဖွံ့ဖြိုးပြောင်းလဲလာခွင့်ပြု

မြန်မြန်စဆိုတာရဲ့ ဒုတိယပိုင်းဖြစ်ပါတယ်။ မြန်မြန်စ၊ အကြိမ်ကြိမ်ပြောင်းလဲမှုတွေ လုပ်ပါ။ အစကတည်းက တွေးထားပြီး သား အိုင်ဒီယာတွေကို အကောင်အထည်ဖော်တဲ့ ကိစ္စတစ်ခုလိုမျိုး စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုကို လုပ်မိရင်တော့ အကြီးကြီးမှားပါပြီ။ အက်ဆေးတစ်ပုဒ် ရေးနေသလို အိုင်ဒီယာတော်တော်များများဟာ လုပ်နေရင်း ပေါ်လာတာပါ။

၄- သုံးတဲ့လူတွေအကြောင်းကို သိ

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုက လုပ်လိုက်တဲ့အရာကို ထောင်မှန်စတုဂံတစ်ခု မြင်ကြည့်နိုင်ပါတယ်။ ထောင်မှန်စတုဂံရဲ့ တစ်ဘက်မှာ အသုံးပြုသူဦးရေပမာဏရှိပြီး အခြားတစ်ဘက်မှာတော့ သူတို့ရဲ့ ဘဝတွေကို သင်ဘယ်လောက်ဖွံ့ဖြိုးအောင်လုပ်ပေးခဲ့သလဲဆိုတာ ရှိပါတယ်။ ဒုတိယတစ်ပိုင်းဟာ သင်ထိန်းချုပ်ထားဆုံးအပိုင်းဖြစ်ပါတယ်။ ပြီးတော့လည်း ပထမအပိုင်းရဲ့ကြီးထွားမှုကို ဒုတိယ အပိုင်းမှာ သင့်ဘယ်လောက်ကောင်းကောင်းလုပ်နိုင်သလဲဆိုတာက မောင်းနှင်နေတာပါ။ သိပ္ပံ နယ်ပယ်မှာလိုပါပဲ။ အခက်ခဲဆုံးအပိုင်းက မေးခွန်းတွေဖြေတာမဟုတ်ဘဲ၊ မေးခွန်းတွေ မေးတဲ့ အပိုင်းဖြစ်ပါတယ်။ ဒီမှာအခက်ခဲဆုံးအပိုင်းကတော့ အသုံးပြုသူတွေမှာ မရရှိသေးတဲ့ အသစ်တစ်ခုကို တွေးပြီးမြင်တတ်ရမယ့် အပိုင်းဖြစ်ပါတယ်။ ဒီလို သုံးသူတွေအကြောင်းနားလည်လေလေ ပိုပြီးထူးထူးခြားခြား လုပ်နိုင်လေပါပဲ။ ဒါကြောင့်လည်း အောင်မြင်တဲ့ စွန့်ဦးတီထွင်လုပ်ငန်းတွေဟာ တွဲဖက်တည်ထောင်သူတွေကိုယ်တိုင် လိုအပ်ဖူးတဲ့ တစ်ခုခုကိုတီထွင်ကြတာဖြစ်ပါတယ်။

၅ – လူအများကြီးထက် နည်းနည်းလေးက ချစ်အောင်အရင်လုပ်

သဘောတရားအရတော့ အသုံးပြုသူအများကြီးက ချစ်အောင် လုပ်ချင်တာပါ။ ဒါပေမဲ့လည်း ဒီလိုမျိုးချက်ချင်း ဖြစ်အောင်လုပ်နိုင်မယ်လို့ မျှော်လင့်လို့မရပါဘူး။ကနဦးမှာတော့သင့်အတွက် အသုံးပြုသူတွေ ဖြစ်လာနိုင်သူထဲက နည်းနည်းလောက်ကိုပဲ လုံးဝကျေနပ်သွားအောင်လုပ်ထားမလား၊ ဒါမှမဟုတ် အားလုံးကို နည်းနည်းကျေနပ်အောင်လုပ်ထားမလားဆိုတာ  ရွေးရမှာပါ။ ပထမလမ်းကြောင်းကိုပဲ ရွေးပါ။ အားလုံးကျေနပ်အောင် တစ်ပြိုင်နက်လုပ်ရတာထက် နောက်ပိုင်းမှ အသုံးပြုသူတွေကို ချဲ့ထွင် များပြားလာအောင် လုပ်သွားရတာက ပိုလွယ်လို့ပါ။ ပိုအရေးကြီးတာကတော့ ကိုယ့်ကိုကိုယ်ညာဖို့ပိုခက်သွားလို့ပါ။ သင့်ထုတ်ကုန်ဟာ အောင်မြင်မယ့် လမ်းကြောင်းပေါ်မှာ ၈၅ ရာခိုင်နှုန်းရှိတယ်လို့ သင်က ထင်တယ်ဆိုရင် ရ၀ ရာခိုင်နှုန်းမကဘူး၊ ၁၀ ရာခိုင်နှုန်းမကဘူးဆိုတာကို သင်သေချာ ဘယ်လိုပြောနိုင်မလဲ။ ဒီလိုမျိုးမဟုတ်ဘဲ အသုံးပြုသူ ဘယ်လောက်ရှိထားတယ်ဆိုတာကို ပြောဖို့ကလွယ်ပါတယ်။

၆ – သုံးစွဲသူတွေကို အံ့သြလောက်အောင်ကောင်းတဲ့ ဝန်ဆောင်မှုပေး

သုံးစွဲသူတွေဟာ ကောင်းကောင်းဆက်ဆံခံရလေ့မရှိပါဘူး။ သူတို့ဆက်ဆံရတဲ့ ကုမ္ပဏီအများစုဟာ လက်ဝါးကြီးအုပ်ထားသလောက် ကိုင်ထားတဲ့ ကုမ္ပဏီတွေဖြစ်ပြီး ဝန်ဆောင်မှုလည်းတော်တော်ဆိုးကြပါတယ်။ Your own ideas about what’s possible have been unconsciously lowered by such experiences. ဒီလိုတွေ့တာများတော့ အလိုလိုနေရင်း အများကြီးမမျော်လင့်တော့ဘူး။ သုံးစွဲသူတွေအပေါ်ပေးတဲ့ ဝန်ဆောင်မှုဟာ ကောင်းရုံလောက်နဲ့မရပါဘူး။ အံ့သြလောက်အောင်ကို ကောင်းရမှာပါ။ လူတွေ ပျော်အောင် စွမ်းစွမ်းတမံကို လုပ်ပေးရမှာပါ။ ဒီလိုလုပ်ပေးတဲ့အခါ အလွန့်အလွန်ကို သူတို့ စိတ်ထဲ ထိထိရှရှ ဖြစ်သွားတာကို သင်တွေ့ရမှာပါ။ စွန့်ဦးလုပ်ငန်းတွေရဲ့ ကနဦးအဆင့်မှာပဲ သုံးစွဲသူတွေ ကိုပေးတဲ့ ဝန်ဆောင်မှုဟာ လူအများကြီးကိုပေးလို့မဖြစ်နို်င်လောက်ကောင်းတဲ့အထိ ပေးရမှာဖြစ်ပါတယ်။ ဒါဟာ သင့်ရဲ့ အသုံးပြုသူတွေ အကြောင်း လေ့လာနိုင်မယ့် နည်းလမ်းတစ်ခုလည်း ဖြစ်ပါတယ်။

၇ – သင်တိုင်းတာရေတွက်တာကို သင်ဆောက်လုပ်တယ်

ဒီတစ်ခုကတော့ ဂျိုးခရောက် (Joe Kraus) ဆီကနေ ကျွန်တော်သင်ခဲ့ရတာပါ။ တစ်စုံတစ်ခုကို တိုင်းတာရေတွက် လိုက်ရုံနဲ့တင် ဒါကို ပိုပိုပြီး ကောင်းအောင်လုပ်မှရမယ်ဆိုတာမျိုး ဖြစ်လာပါတယ်။ သုံးစွဲသူ အရေအတွက် တက်ချင် တယ်ဆိုရင် နံရံပေါ်မှာ စာရွက်ကြီးကြီးတစ်ခုထားပြီး နေ့စဉ်နေ့တိုင်း သုံးစွဲသူ အရေအတွက်ကို ရေးမှတ်ပါတယ်။ အရေအတွက် တက်လာရင် ပျော်လာမယ်။ အရေအတွက် ကျသွားရင် စိတ်ညစ် လာပါမတယ်။ မကြာမီမှာပဲ အရေအတွက်တက်သွားရတဲ့အကြောင်းအရင်းကို သင်စတင် သတိထားမိ လာပါမယ်။ ဒီအခါမှာ ဒီလိုတက်တဲ့အကြောင်းအရင်းကို သင်ပိုလုပ်ရပါမယ်။ ဒါပေမဲ့ သင် ဘာမှန်းထား ပြီးဘာတိုင်းတာရေတွက်တတယ်ဆိုတာကလည်း အရေးကြီးလာပြန်ရော။

၈ – နည်းနည်းနဲ့ ကောင်းကောင်း

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခုအနေနဲ့ နည်းနည်းနဲ့ ကောင်းကောင်း လုပ်ဖို့ အရေးကြီးပါတယ်။ လူတွေ လိုချင်တာတစ်ခုကို မလုပ်နိုင်သေးခင် စွန့်ဦးလုပ်ငန်းအများစု ကျရှုံးသွားတတ်ကြပါတယ်။ အဖြစ်အများ ဆုံးကတော့ ပိုက်ဆံကုန်သွားတာဖြစ်ပါတယ်။ ဒါကြောင့် နည်းနည်းနဲ့ကောင်းကောင်း လုပ်တာဟာ မြန်မြန်မိတ်ဆက်ဆိုတာလောက်ကို အရေးကြီးပါတယ်။ အဲ့ထက်တောင်ပိုပါသေးတယ်။ လေ့ကျင့်ခန်း တွေဟာ လူတွေကို နုပျိုနေစေသလို နည်းနည်းကောင်းကောင်းလုပ်တာဟာလည်း ကုမ္ပဏီတွေကို နုပျိုနေစေပါတယ်။

၉ – ခေါက်ဆွဲခြောက်ဖိုးကြေတဲ့အမြတ် ရအောင်လုပ်

ခေါက်ဆွဲခြောက်ဖိုးကြေတဲ့အမြတ်ဆိုတာ စွန့်ဦးလုပ်ငန်းတစ်ခုဟာ တည်ထောင်သူတွေကို အခြေခံကုန်ကျစရိတ်တွေ လောက်ငရုံအောင် ဝင်ငွေရှိတာပါ။ စီးပွားရေးလုပ်ငန်းပုံစံကို မြန်မြန်ဆန်ဆန်စမ်းကြည့်တာ မျိုးကိုအဓိက မဆိုလိုပေမည့် (စမ်းကြည့်လို့တော့ရပါတယ်) ရင်းနှီးမြှပ်နှံမှုရဖို့ သမရိုကြမဟုတ်တဲ့ လမ်းကြောင်းနဲ့ ကြိုးစာတဲ့သဘောပါ။ ခေါက်ဆွဲခြောက်ဖိုးကြေတဲ့အမြတ် ရှိလာပြီဆိုတာနဲ့ ရင်းနှီးမြှပ်နှံသူ တွေနဲ့ သင့်ရဲ့ ဆက်ဆံရေးဟာ လုံးဝပြောင်းလဲသွားပါတယ်။ ဒီလိုဆိုရင်လုပ်ငန်းမှာ စိတ်ဓာတ်လည်း တက်ကြွစေပါတယ်။

၁၀ – အာရုံရှုပ်စေတဲ့ ကိစ္စတွေ ရှောင်

အာရုံရှုပ်စေတဲ့ကိစ္စတွေလောက် စွန့်ဦးတီထွင်လုပ်ငန်းတွေကို သတ်တာ မရှိတော့ပါဘူး။ အဆိုးဆုံးက တော့ ပိုက်ဆံပေးတဲ့လူတွေပါ။ အချိန်ပြည့်အလုပ်တွေ၊ အကြံပေးအလုပ်တွေ၊ အမြတ်ရနိုင်တဲ့ ကြားပေါက် စီမံကိန်းဆိုတာတွေ ဖြစ်ပါတယ်။ စွန့်ဦးလုပ်ငန်းတွေမှာ ရေရှည်အလားအလာကို ပိုကြည့်ရတာမျိုး ဖြစ်ပေမဲ့ သင့်ကို ပိုက်ဆံပေးတဲ့လူတွေကို ဖုန်းပြန်ဖြေနေရတာနဲ့ပဲ အလုပ်လုပ်ရင်း အမြဲ နှောင့်ယှက် ခံနေရပါမယ်။ နောက်တစ်ခု ဒွိဟဖြစ်စရာရှိတာက ရင်းနှီးမြှုတ်နှံမှုရှာဖွေတာဟာ လည်းအာရုံရှုပ်စေတဲ့ အလုပ်မျိုး ဖြစ်တာကြောင့် အတတ်နိုင်ဆုံး အကျဉ်းချုံး လုပ်ဖို့ ကြိုးစားပါ။

၁၁ – ယုံကြည်ချက် မမဲ့နဲ့

စွန့်ဦးတီထွင်လုပ်ငန်းတစ်ခု ရုတ်တရက် ကျဆုံးသွားတာဟာ သုံးစရာငွေမရှိတော့တာကြောင့် ဖြစ်လေ့ ရှိပေမဲ့ အဓိက အခြေခံအကြောင်းအရင်းက အာရုံမစိုက်နိုင်တာကြောင့်ပါ။ လူညံ့ (အကြံညဏ်တွေနဲ့လည်း ပြင်ပေးလို့မရ)တွေက ကုမ္ပဏီကို ဦးဆောင်နေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ တော်ပေမယ့် ယုံကြည်ချက်မဲ့သွားတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စွန့်ဦးလုပ်ငန်း တစ်ခုကို စတင်တယ်ဆိုတာဟာ ကြီးမားတဲ့ ယုံကြည်ချက်အလေးချိန်ကြီးတစ်ခုပါ။ ဒါကိုနားလည်ပြီး ယုံကြည်ချက် ပျောက်မသွားစေရေးအတွက် သိစိတ်ရှိရှိနဲ့ကို အားထုတ်မှု လုပ်ရမှာပါ။ လေးတဲ့ သေတ္တာတစ်လုံးကို မရင် ဒူးခေါင်းက လိုက်ကွေးဖို့ ဂရုစိုက်သလိုကို ဂရုစိုက်ရမှာပါ။

၁၂ – လက်မလျှော့နဲ့

ယုံကြည်ချက် ကျသွားတယ်ဆိုရင်တောင် လက်မလျှော့ပါနဲ့။ လက်မလျှော့ဘဲနဲ့ အံ့သြစရာကောင်း လောက်အောင် သင်ဝေးဝေးကို ရောက်နိုင်ပါတယ်။ ဒါက နယ်ပယ်အားလုံးမှာတော့ မှန်တာ မဟုတ် ပါဘူး။ ဘယ်လောက်ပဲ လက်မလျှော့ဘဲ ကြိုးစားပါစေ သင်္ချာပညာရှင်ဖြစ်မလာနိုင်သူ အမျာကြီးရှိပါတယ်။ စွန့်ဦးတီထွင်လုပ်ငန်းဆိုတာကတော့ ဒီလိုမျိုး မဟုတ်ပါဘူး။ အားထုတ်မှုနဲ့တင် လုံလောက်လေ့ရှိပါတယ်။ သင့်အိုင်ဒီယာကို ဖြည်းဖြည်းချင်း ပြောင်းလည်းအကောင်အထည် ဖော်နေသရွေ့ပေါ့။

၁၃ – ရင်းနှီးမြှပ်နှံခြင်းဆိုင်ရာ ကမ်းလှမ်းမှုတွေ ပျက်သွားခြင်း

Viaweb ကနေ ကျွန်တော်လေ့လာခဲ့ရတဲ့ အကောင်းဆုံးကျွမ်းကျင်မှုတွေထဲက တစ်ခုကတော့ ကျွန်တော်တို့ရဲ့မျှော်လင့်ချက်တွေကို မြင့်မြင့်မထားခြင်းပါဘဲ။ ကျွန်တော်တို့ကို ရင်းနှီးမြှပ်နှံမယ့် ကမ်းလှမ်းမှု ၂၀ လောက်က မရရှိတော့ဘဲ ပျက်သွားတာမျိုးရှိပါတယ်။ ပထမ ဆယ်ခုလောက် ပျက်သွားပြီးနောက်မှာ ကျွန်တာ်တို့လေ့လာမိသွားမယ့် အရာကတော့ ဒီလိုရင်းနှီးမြှပ်နှံမှု အပေးအယူ တွေကို နောက်ခံဖြစ်ရပ်တွေအနေနဲ့ပဲ မြင်ထားသင့်ပါတယ်။ ဒီဖြစ်ရပ်တွေ အဆုံးသတ်သွားတဲ့ထိ ကျွန်တော်တို့က မသိကျိုးကျွံပြုထားသင့်ပါတယ်။ ဒီလိုရင်းနှီးမြှပ်နှံမှုပေါ်စိတ်ထဲ့မှာ မှီခိုထားရငိတော့ အလွန်အန္တရယ်များပါတယ်။ စလုပ်ဖြစ်လေ့ မရှိတာကြောင့် အပြင် စိတ်ထဲမှာမှိခိုထားမိတာကြောင့် ကမ်းလှမ်းမှုတွေပိုပျက်သွားနို်င်ခြေရှိလို့ပါ။

၁၃ ကြောင်းထိ ချရေးပြီးတဲ့အခါ ကျွန်တော့်ကိုယ် ကျွန်တော်မေးပါတယ်။ ဒီထဲက တစ်ကြောင်းထဲ ရွေးရမယ်ဆို ဘာရွေးမလဲ။
“သုံးစွဲသူတွေအကြောင်းကို သိ” ပဲ ဖြစ်ပါတယ်။ ဒါက အဓိကသော့ချက်ပါ။ စွန့်ဦးတီထွင် လုပ်ငန်းတွေရဲ့ မလုပ်မဖြစ် တာဝန်ကတော့ “ဘက်” တစ်ခုကို ဖော်ဆောင်ဖို့ ဖြစ်ပါတယ်။ သင်အများဆုံးထိန်းချုပ်ထားနိုင်တဲ့ ဒီ “ဘက်” ဟာ အသုံးပြုသူတွေရဲ့ ဘဝကို ဘယ်လောက် တိုးတက်အောင်လုပ်ပေးနိုင်သလဲဆိုတာပါပဲ။ ဒါပေမဲ့ အခက်ဆုံးအပိုင်းက သူတို့အတွက် လုပ်ပေး ရမယ့်အရာကို သိဖို့ ဖြစ်ပါတယ်။ ဘာလုပ်ရမယ်ဆိုတာကို သိပြီဆိုတာနဲ့ လုပ်ဖို့ အားထုတ်ရုံပါပဲ။ တော်ရုံတန်ရုံပရိုဂရမ်မာလောက်ကိုလုပ်ခိုင်းလို့ရပါပြီ။

သုံးတဲ့လူတွေအကြောင်းကို သိရမယ့် အပိုင်းဟာ ဒီစာရင်း ၁၃ ခုစလုံးရဲ့တစ်ဝက်လောက်ဖြစ်နေပါပြီ။ စောစောစပြီး မိတ်ဆက်ဖြန့်ချီရတဲ့ အကြောင်းရင်းက သုံးစွဲသူတွေအကြောင်း သိဖို့ပါ။ အိုင်ဒီယာတွေကို ဖွံ့ဖြိုးလာအောင် လုပ်တယ်ဆိုတာကလည်း သုံးစွဲသူတွေကို နားလည်လာတယ်ဆိုတဲ့ ပြယုဂ်ပါ။ သင့်ရဲ့ သုံးစွဲသူတွေကို နားလည်သိရှိခြင်းဟာ လူနည်းနည်းလေး တကယ်ကိုပျော်သွားမယ့် တစ်စုံတစ်ခုကို လုပ်မိသွားစေလေ့ရှိပါတယ်။ အံ့သြလောက်ဖွယ် ဝန်ဆောင်မှုကောင်း ပေးခြင်းကလည်း သုံးစွဲသူတွေကို နားလည်စေဖို့အတွက် အကူအညီ ဖြစ်စေပါတယ်။ သုံးစွဲသူကို နားလည်ခြင်းဟာ သင့်ရဲ့ယုံကြည်ချက်ကိုလည်း ခိုင်မာစေမှာ ဖြစ်ပါတယ်။ သင့်ဘေးနားက အရာရာအားလုံးပြိုလဲကျရှုံးသွားကြချိန်မှာတောင် သင့်ကိုတကယ်ချစ်တဲ့ သုံးစွဲသူ ဆယ်ယောက်ရှိနေတယ်ဆိုတာက သင့်ကို ဆက်လျှောက်နေစေမှာ ဖြစ်ပါတယ်။

Original Essay in English

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …