မနေ့က ရုံးအပြီး ခပ်ပျင်းပျင်းရှိတာနဲ့ ဖန်တီးရာက startup meetup ကို ရောက်သွားပါတယ်။ ပွဲစတာနဲ့ ရှေ့က ဆွေးနွေးနေတဲ့ မြန်ဆန် startup က အစ်ကိုကြီးက ငွေပြတ်သွားလို့ ဆက်ရှင်သန်ဖို့ မနည်း ရုန်းကန်နေရကြောင်း ညည်းပြပါတယ်။ သိပ်မကြာပါဘူး ဘေးကို startup တစ်ခုမှာ လုပ်နေတဲ့ အသိငနဲတစ်ကောင် ရောက်လာပြီး ကုမ္ပဏီက လစာမရတာကြာလို့ ဘိုင်ပြတ်နေကြောင်း ငိုပြပြန်ပါတယ်။ ဒီလိုနဲ့ ပွဲအပြီး လူစုညစာသွားစားကြဖို့ ဖန်တီးရာက startup ထရိန်နာ အစ်ကိုကြီးကို ခေါ်တော့ အားရစဖွယ် အိတ်ထဲက တစ်ရွက်ထဲသော ပိုက်ဆံတစ်ထောင်တန်လေးကို ထုတ်ပြပြီး မချိပြုံး ပြံုးရှာပါတယ်။
ဒါနဲ့ မဖြစ်ပါဘူးလေဆို အဲဒီ startup ဘေးဒုက္ခသည် အားလုံးခေါ် KFC ချီတက်ပြီး ကိုယ့်မရှိမဲ့၊ ရှိမဲ့ ပိုက်ဆံလေးတွေနဲ့ ဝယ်ကျွေးပြီး ထိုင်မယ်ကြံသေး၊ voting အက်ပ်တွေရေး နာမည်ကြီးနေတဲ့ ညီငယ် startup သမားတစ်ယောက် ထပ်ရောက်လာပြီး သနားကမားနဲ့ ပြင်ဦးလွင်ပြန်ဖို့ ကားခ မရှိတော့ကြောင်း ပြောပြန်လို့ အိတ်ထဲမှ တစ်ရွက်ထဲ ကျန်တော့တဲ့ ငါးထောင်တန်လေးထုတ် ဝယ်ကျွေးလိုက် ရပြန်တယ်ဗျာ။ ဒါတောင် နောက် startup သမား တစ်သိုက် ဘေးရောက်လာသေးတာ ပိုက်ဆံလည်း လုံးဝ, မကျန်တော့လို့ ရူးသလိုနဲ့ မမြင်ချင်ယောင်ဆောင် လိုက်ရပါသေးတယ်။
ဒီလို အဖြစ်သနစ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ startup ဘိုးအေကြီး ကိုရာဗီလည်း စိတ်နာနာနဲ့ ဘုန်းကြီးဝတ်သွားတာ နေမှာပါ။ ပြောချင်တာက နောက်နောင် startup သမား မြင်သတိထား ဝေးဝေးက ရှောင်ကြဖို့ပါ။