Home / Essays (page 3)

Essays

စွန့်ဦးတီထွင်လုပ်ငန်း လုပ်မယ်ဆိုရင် အရေးကြီးဆုံး (၁၃) ချက်

စွန့်ဦးတီထွင်လုပ်ငန်းတွေနဲ့ပတ်သက်ပြီး ကျွန်တော်အမြဲပြောခဲ့တဲ့ အရာတွေထဲက တစ်ခုကတော့ ပေါဘာခိုက်(Paul Buchheit) ဆီကနေ ကျွန်တော်လေ့လာခဲ့ရတဲ့ အရာတစ်ခုပါ။ လူအများကြီး ပျော်သလိုလိုဖြစ်အောင် လုပ်ပေးတာထက် လူနည်းနည်းလေးကိုပဲ တကယ်ပျော်အောင်လုပ်ပေးတာက ပိုကောင်းတယ်ဆိုတာ ပါ။ မကြာသေးခင်က သတင်းထောက်တစ်ယောက်ကိုလည်း ကျွန်တော်ပြောခဲ့ပါသေးတယ်။ စွန့်ဦး တီထွင်လုပ်ငန်းနဲ့ပတ်သက်လို့ ၁၀ ခုပြောဆိုရင် အဲ့ထဲမှာပါမယ့်တစ်ခုက လူနည်းနည်းလေးကို ပျော်အောင်လုပ်တာ ပိုကောင်းတယ်ဆိုတာပါပဲ။ ဒါနဲ့ ကျွန်တော်လည်း စဉ်းစားတယ်။ ကျန်တဲ့ ၉ ခုက ဘာဖြစ်မလဲပေါ့။ စာရင်းလည်း ချလုပ်ကြည့်ရော ၁၃ ခု ဖြစ်သွားပါတယ်။ ၁ – တွဲဖက်တည်ထောင်သူကောင်းကောင်းကို ရွေး စွန့်ဦးတီထွင်လုပ်ငန်းအတွက် တွဲဖက်တည်ထောင်သူဆိုတာ အိမ်ခြံမြေလုပ်ငန်းအတွက် မြေနေရာ လိုပါပဲ။ အိမ်နဲ့ပက်သတ်လို့အားလုံးပြောင်းလို့ရပေမဲ့ မြေနေရာကတော့ …

Read More »