တစ်ခါတုန်းက တက်ကနိုမေးရှင်းကုမ္ပဏီ စီးအီးအို အစ်ကိုကြီးကို ဘာလို့ ဖန်ဒင်း၊ အင်ဗက်စမန့် မယူတာလဲ မေးခဲ့ဖူးပါတယ်။ သူများငွေနဲ့ဆို ကိုယ်လုပ်ချင်တာ လွတ်လွတ်လပ်လပ် လုပ်ခွင့် မရတော့မှာ စိုးလို့ ပြန်ဖြေခဲ့တာ မှတ်မိတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က သူ့လုပ်ချင်တဲ့ ပရောဂျက်တစ်ခု မိန်းမဆီက ပါမစ်ရှင် မရလို့ အွန်လိုင်းမှာ ညည်းပြနေတာ တွေ့တော့ ပြုံးမိပါတယ်။
သူများပိုက်ဆံနဲ့ဆို လုပ်ချင်တာ မလုပ်ရမှာ ပူခဲ့သူကြီး ခုတော့ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့ ဘဝမျိုး ရောက်သွားပြီပေါ့။ ဪ .. အတော် ကျီစားသန်တဲ့ လောကကြီးပါလား …