Home / Community / Let’s Trip — မြန်မာနိုင်ငံရဲ့ ပထမဆုံး အင်တာနက်မလိုဘဲ အသုံးပြုနိုင်တဲ့ ခရီးသွားလမ်းညွှန် App

Let’s Trip — မြန်မာနိုင်ငံရဲ့ ပထမဆုံး အင်တာနက်မလိုဘဲ အသုံးပြုနိုင်တဲ့ ခရီးသွားလမ်းညွှန် App

Let’s Trip ဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး Offline Digital Tour guide Mobile App တစ်ခုဖြစ်ပြီး ခရီးသွားတွေ မျက်စိလည်လမ်းမှား တာတွေမဖြစ်စေဖို့ အတွက်ပြုလုပ်ထားခြင်းဖြစ်တယ်။ ပထမဆုံး Beta version အနေနဲ့ ပုဂံ နဲ့အနီးအနား ပတ်ဝန်းကျင်ကနေ စတင်ခဲ့တာဖြစ်တယ်။ Offline ဖြစ်နေရင်တောင်မှ ဒီ Let’s Trip App ကသင့်ကို လမ်းမပျောက်သွားစေဖို့ ကူညီနိုင်မှာပါ။

Let’s Trip ကို သူငယ်ချင်း လေးယောက် ကစုပေါင်းတည်ဆောက်ခဲ့ကြတယ်။ သူတို့တွေကတော့ မချစ်နှင်း-Executive Director, မချစ်မိုး-Web Development Director, ကိုလင်းဖြိုး-Technical Director, ကိုပြည့်ဖြိုးအောင်-Creative Director ဖြစ်ကြတယ်။

Let’s Trip ရဲ့ Co-Founder လည်းဖြစ် Executive Director လည်းဖြစ်တဲ့ မချစ်နှင်း က

ကျွန်မတို့ ပြည်တွင်းမှာရှိတဲ့ လူတချို့ကို စစ်တမ်းကောက်ကြည့်ခဲ့တယ် အဲ့ဒီနောက်မှာတော့ ကျွန်မတို့ နိုင်ငံမှာ ဖြစ်နေတဲ့ လိုအပ်ချက်ကို ဖန်တီးခဲ့ကြတယ်

ဒီ Mobile App မှာ လည်ပါတ်စရာနေရာတွေ, ဟိုတယ်, စားသောက်ဆိုင်, အပျော်စီးသင်္ဘောကုမ္ပဏီ, မြေပုံ တွေကို Offline သုံးလို့ရအောင် ပြုလုပ်ထားပါတယ်။ ပြီးတော့ Let’s Trip ရဲ့နောက်ထွက်လာမယ် New Version မှာ ဒီထက်ပိုပြီး ပြည့်စုံ တဲ့ အချက်အလက်တွေကို ဖြည့်စွက်ပေးသွားမှာဖြစ်ပြီး ၃ လတစ်ခါ Version အသစ် ထွက်မှာဖြစ်ပါတယ်။

Let’s Trip ကို လတ်တလောမှာ Best Trip အဖြစ်နာမည်ပြောင်းထားပါတယ်။ https://www.besttripmyanmar.com/

Check Also

Startup Waters 101

“What could investment have been really meant for the startups before it was cool in …