Recent Posts

အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်

အောင်မြင်သူတိုင်းရဲ့ နောက်ကွယ်မှာ သူတို့ ဖိန့်ဖိန့်တုန်အောင် ကြောက်ရတဲ့ မိန်းမတစ်ယောက် ရှိတယ်ဆိုတာ မနေ့က အိမ်အပြန် ကိုထူးမြင့်နောင် ကားကြုံလိုက်စီးမှ ကိုယ်တွေ့ယုံ ပါတော့တယ်။

ကားမောင်းနေစဉ် မိန်းမက ဖုန်းဆက်လာပါတယ်။ ယောက်ျား အိမ်မှာ ဟင်း မရှိတော့ဘူးတဲ့။ သူက ဟင်းနည်းလို့လား၊ ရတယ် ကြည့်စားလိုက်ပါမယ်ဆိုတော့ ငါးနဲ့ မုန်လာဥဟင်းချက်တာ ငါးက မရှိတော့ဘူး၊ ဟင်းရည်ကလည်း နဂိုကျဲပြီးသား ရေထပ်ရောလို့တောင် မရတော့ဘူူးပြောပါတယ်။ ဒါဆိုလည်း ရပါတယ်၊ ကိုကို မုန်လာဥနဲ့ပဲ ဖြစ်သလို စားလိုက်ပါမယ်ဆို တိုးလျလျလေသံနဲ့ ပြောတာကို ကြည့်ပြီး ကျွန်တော် ရင်ထဲ ဆို့နင့်သွားပါတယ်။

မြန်မာ့ အိုင်တီလောကတွင်း လူငယ်ဒီဗလော့ပါတွေ လေးစားအားကျရတဲ့ စံပြပုဂ္ဂိုလ်တစ်ဦး အိမ်ထောင်ကျပြီးနောက်ပိုင်း ဘဝကို ခုလိုဖြတ်သန်းနေရတာ မြင်ပြီး ကျွန်တော် သံဝေဂရမိပါတယ်။

မနေ့ညက သန်းခေါင်တစ်နာရီကျော်ထိ ကျွန်တော် အိပ်မပျော်နိုင်ပါဘူး။ မျက်လုံးထဲမှာ ကိုထူးမြင့်နောင် ထမင်းကြမ်းနဲ့ မုန်လာဥဖတ် လေးတွေနယ် အခြောက်စားနေပုံကို မြင်ယောင်ကြည့်မိရင်းနဲ့ …

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.

အင္ဒက္စထရီ တစ္ခုလုံးကို အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနသည့္ ျပႆနာ

ယေန႔ ျမန႔္မာအိုင္တီ အင္ဒက္စထရီ တစ္ခုလုံးကို အႀကီးအက်ယ္ ၿခိမ္းေျခာက္ေနသည့္ ျပႆနာမွာ မိန္းမေၾကာက္ရျခင္း ျဖစ္သည္။

မေန႔ညေနက iflix မိတ္ဆက္ပြဲသြားတုန္း မခ်ိဳဝတ္ရည္နဲ႔ ေတြ႕လို႔ ကိုျမင့္ေက်ာ္သူ ဘယ္မတုန္း ေမးမိပါသည္။ အိမ္မွာ ကေလးထိန္းၿပီး က်န္ခဲ့သတဲ့။ အစားအေသာက္၊ အခ်က္အျပဳတ္ပြဲ ဆိုလည္း တစ္မ်ိဳးေပါ့၊ ခုဟာက အိုင္တီ ဝန္ေဆာင္မွုသစ္ မိတ္ဆက္ပြဲကိုေတာင္မွ အိုင္တီသမား ေယာက္်ားက ကေလးထိန္း၊ အိမ္ေစာင့္ေနခဲ့ရသည္မွာ အင္မတန္ ရင္နာဖို႔ ေကာင္းလွပါသည္။

ဟိုတစ္ေန႔က ကိုထူးျမင့္ေနာင္၊ မေန႔က ကိုျမင့္ေက်ာ္သူ ဒီလို အျဖစ္အပ်က္ေတြ ၾကဳံေတြ႕လာရေတာ့မွ ကၽြန္ေတာ္ ကိုရာဗီရဲ့ ဆုံးျဖတ္ခ်က္ကို ပိုပိုၿပီး နားလည္လာပါေတာ့တယ္။ သူ႔လို လူေဘာင့္ကို အၿပီး စြန႔္ခြာၿပီး တရားရိပ္ မခိုနိုင္ရင္ေတာင္မွ ဒီတစ္သက္ေတာ့ မိန္းမ လုံးဝ မယူဖို႔ ဆုံးျဖတ္လိုက္ပါၿပီ။

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.

အင်ဒက်စထရီ တစ်ခုလုံးကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ပြဿနာ

ယနေ့ မြန့်မာအိုင်တီ အင်ဒက်စထရီ တစ်ခုလုံးကို အကြီးအကျယ် ခြိမ်းခြောက်နေသည့် ပြဿနာမှာ မိန်းမကြောက်ရခြင်း ဖြစ်သည်။

မနေ့ညနေက iflix မိတ်ဆက်ပွဲသွားတုန်း မချိုဝတ်ရည်နဲ့ တွေ့လို့ ကိုမြင့်ကျော်သူ ဘယ်မတုန်း မေးမိပါသည်။ အိမ်မှာ ကလေးထိန်းပြီး ကျန်ခဲ့သတဲ့။ အစားအသောက်၊ အချက်အပြုတ်ပွဲ ဆိုလည်း တစ်မျိုးပေါ့၊ ခုဟာက အိုင်တီ ဝန်ဆောင်မှုသစ် မိတ်ဆက်ပွဲကိုတောင်မှ အိုင်တီသမား ယောက်ျားက ကလေးထိန်း၊ အိမ်စောင့်နေခဲ့ရသည်မှာ အင်မတန် ရင်နာဖို့ ကောင်းလှပါသည်။

ဟိုတစ်နေ့က ကိုထူးမြင့်နောင်၊ မနေ့က ကိုမြင့်ကျော်သူ ဒီလို အဖြစ်အပျက်တွေ ကြုံတွေ့လာရတော့မှ ကျွန်တော် ကိုရာဗီရဲ့ ဆုံးဖြတ်ချက်ကို ပိုပိုပြီး နားလည်လာပါတော့တယ်။ သူ့လို လူဘောင့်ကို အပြီး စွန့်ခွာပြီး တရားရိပ် မခိုနိုင်ရင်တောင်မှ ဒီတစ်သက်တော့ မိန်းမ လုံးဝ မယူဖို့ ဆုံးဖြတ်လိုက်ပါပြီ။

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.

ကၽြန္ေတာ္ႏွင့္ startup ‌ေဘးဒုကၡသည္မ်ား

မေန႔က ႐ုံးအၿပီး ခပ္ပ်င္းပ်င္းရွိတာနဲ႔ ဖန္တီးရာက startup meetup ကို ေရာက္သြားပါတယ္။ ပြဲစတာနဲ႔ ေရွ႕က ေဆြးေႏြးေနတဲ့ ျမန္ဆန္ startup က အစ္ကိုႀကီးက ေငြျပတ္သြားလို႔ ဆက္ရွင္သန္ဖို႔ မနည္း ႐ုန္းကန္ေနရေၾကာင္း ညည္းျပပါတယ္။ သိပ္မၾကာပါဘူး ေဘးကို startup တစ္ခုမွာ လုပ္ေနတဲ့ အသိငနဲတစ္ေကာင္ ေရာက္လာၿပီး ကုမၸဏီက လစာမရတာၾကာလို႔ ဘိုင္ျပတ္ေနေၾကာင္း ငိုျပျပန္ပါတယ္။ ဒီလိုနဲ႔ ပြဲအၿပီး လူစုညစာသြားစားၾကဖို႔ ဖန္တီးရာက startup ထရိန္နာ အစ္ကိုႀကီးကို ေခၚေတာ့ အားရစဖြယ္ အိတ္ထဲက တစ္ရြက္ထဲေသာ ပိုက္ဆံတစ္ေထာင္တန္ေလးကို ထုတ္ျပၿပီး မခ်ိျပဳံး ၿပံဳးရွာပါတယ္။

ဒါနဲ႔ မျဖစ္ပါဘူးေလဆို အဲဒီ startup ‌ေဘးဒုကၡသည္ အားလုံးေခၚ KFC ခ်ီတက္ၿပီး ကိုယ့္မရွိမဲ့၊ ရွိမဲ့ ပိုက္ဆံေလးေတြနဲ႔ ဝယ္ေကၽြးၿပီး ထိုင္မယ္ႀကံေသး၊ voting အက္ပ္ေတြေရး နာမည္ႀကီးေနတဲ့ ညီငယ္ startup သမားတစ္ေယာက္ ထပ္ေရာက္လာၿပီး သနားကမားနဲ႔ ျပင္ဦးလြင္ျပန္ဖို႔ ကားခ မရွိေတာ့ေၾကာင္း ေျပာျပန္လို႔ အိတ္ထဲမွ တစ္ရြက္ထဲ က်န္ေတာ့တဲ့ ငါးေထာင္တန္ေလးထုတ္ ဝယ္ေကၽြးလိုက္ ရျပန္တယ္ဗ်ာ။ ဒါေတာင္ ေနာက္ startup သမား တစ္သိုက္ ေဘးေရာက္လာေသးတာ ပိုက္ဆံလည္း လုံးဝ, မက်န္ေတာ့လို႔ ႐ူးသလိုနဲ႔ မျမင္ခ်င္ေယာင္ေဆာင္ လိုက္ရပါေသးတယ္။

ဒီလို အျဖစ္သနစ္ေတြေၾကာင့္လည္း ကၽြန္ေတာ္တို႔ရဲ့ startup ဘိုးေအႀကီး ကိုရာဗီလည္း စိတ္နာနာနဲ႔ ဘုန္းႀကီးဝတ္သြားတာ ေနမွာပါ။ ေျပာခ်င္တာက ေနာက္ေနာင္ startup သမား ျမင္သတိထား ေဝးေဝးက ေရွာင္ၾကဖို႔ပါ။

Thura Hlaing

Thura Hlaing’s contributions are un-authorised copies of his Facebook status on various topics which we would consider as “anti-startup”. For every one of our infractions we treat him a cheap meal to stop him from suing us and to keep him from writing anything bad about Startup95 on his wall.

ကျွန်တော်နှင့် startup ‌ဘေးဒုက္ခသည်များ

မနေ့က ရုံးအပြီး ခပ်ပျင်းပျင်းရှိတာနဲ့ ဖန်တီးရာက startup meetup ကို ရောက်သွားပါတယ်။ ပွဲစတာနဲ့ ရှေ့က ဆွေးနွေးနေတဲ့ မြန်ဆန် startup က အစ်ကိုကြီးက ငွေပြတ်သွားလို့ ဆက်ရှင်သန်ဖို့ မနည်း ရုန်းကန်နေရကြောင်း ညည်းပြပါတယ်။ သိပ်မကြာပါဘူး ဘေးကို startup တစ်ခုမှာ လုပ်နေတဲ့ အသိငနဲတစ်ကောင် ရောက်လာပြီး ကုမ္ပဏီက လစာမရတာကြာလို့ ဘိုင်ပြတ်နေကြောင်း ငိုပြပြန်ပါတယ်။ ဒီလိုနဲ့ ပွဲအပြီး လူစုညစာသွားစားကြဖို့ ဖန်တီးရာက startup ထရိန်နာ အစ်ကိုကြီးကို ခေါ်တော့ အားရစဖွယ် အိတ်ထဲက တစ်ရွက်ထဲသော ပိုက်ဆံတစ်ထောင်တန်လေးကို ထုတ်ပြပြီး မချိပြုံး ပြံုးရှာပါတယ်။

ဒါနဲ့ မဖြစ်ပါဘူးလေဆို အဲဒီ startup ‌ဘေးဒုက္ခသည် အားလုံးခေါ် KFC ချီတက်ပြီး ကိုယ့်မရှိမဲ့၊ ရှိမဲ့ ပိုက်ဆံလေးတွေနဲ့ ဝယ်ကျွေးပြီး ထိုင်မယ်ကြံသေး၊ voting အက်ပ်တွေရေး နာမည်ကြီးနေတဲ့ ညီငယ် startup သမားတစ်ယောက် ထပ်ရောက်လာပြီး သနားကမားနဲ့ ပြင်ဦးလွင်ပြန်ဖို့ ကားခ မရှိတော့ကြောင်း ပြောပြန်လို့ အိတ်ထဲမှ တစ်ရွက်ထဲ ကျန်တော့တဲ့ ငါးထောင်တန်လေးထုတ် ဝယ်ကျွေးလိုက် ရပြန်တယ်ဗျာ။ ဒါတောင် နောက် startup သမား တစ်သိုက် ဘေးရောက်လာသေးတာ ပိုက်ဆံလည်း လုံးဝ, မကျန်တော့လို့ ရူးသလိုနဲ့ မမြင်ချင်ယောင်ဆောင် လိုက်ရပါသေးတယ်။

ဒီလို အဖြစ်သနစ်တွေကြောင့်လည်း ကျွန်တော်တို့ရဲ့ startup ဘိုးအေကြီး ကိုရာဗီလည်း စိတ်နာနာနဲ့ ဘုန်းကြီးဝတ်သွားတာ နေမှာပါ။ ပြောချင်တာက နောက်နောင် startup သမား မြင်သတိထား ဝေးဝေးက ရှောင်ကြဖို့ပါ။