Recent Posts

Mobile Phone ကနေတဆင့် ငွေကြေးပေးပို့မှုတွေပြုလုပ်နိုင်မဲ့ Service ကို MySquar မှတဆင့်ဖြန့်ချီတော့မ…

Mobile Phone ကနေတဆင့် ငွေကြေးပေးပို့မှုတွေပြုလုပ်နိုင်မဲ့ Service ကို MySquar မှတဆင့်ဖြန့်ချီတော့မည်

MySquar အသုံးပြုသူဟာ အခုဆိုရင် ၁.၅ သန်းကျော်ရှိနေပါပြီ။ သူဟာမကြာသေးခင်ကဘဲ Mobile Payment ကုမ္ပဏီ ဖြစ်တဲ့ MyPay နဲ့ Service Agreement လည်းပြုလုပ်ထားပြီးဖြစ်တယ်။ MySquar ဟာ AIM စာရင်းဝင် ကုမ္ပဏီ တစ်ခုလည်းဖြစ်တယ် ပြီးတော့ Rising Dragon ကုမ္ပဏီ မှ ရင်းနှီးမြှုပ်နှံမှုအကြီးစားရယူထားပြီးဖြစ်တယ်။ Rising Dragon ဟာ MyPay ရဲ့ နည်းပညာထောက်ပံ့ပေးတဲ့ ကုမ္ပဏီ ဖြစ်တဲ့ Fastacash တွင်လည်း Serie B Investment ကိုလည်း ရင်းနှီးမြှုပ်နှံထားပါတယ်။ Fastacast ဟာလည်း မကြာသေးခင်က MyPay မှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ခဲ့ပါတယ်။ ဒါပေမဲ့အသေးစိတ်ကိုတော့ အဖေါ်ပြရသေးပါဘူး။

MySquar ဟာ 31, May, 2015 မှာ Registered users 774,636 ရှိသည့်အနက် 392,400 မှာ လစဉ်ပုံမှန်အသုံးပြုသူများဖြစ်ကြောင်းထုတ်ဖေါ်ပြောပြပါတယ်။ သူတို့ဟာ လာမည့် ၅ လအတွင်းမှာ user ၁.၅ သန်း ကျော်တိုးလာလိမ့်မယ်လို့ပြောပါတယ်။ ထပ်ပြီးတော့ အသုံးပြုသူတွေဟာ ရန်ကုန်ကကြီး မဟုတ်ဘဲ တခြားနယ်မြို့များကလည်းဖြစ်ကြောင်းပြောပါတယ်။

MySquar ဟာ 0.5 million USD ကိုတပ်ဆင်ခအဖြစ်ရရှိမှာဖြစ်ပြီး နောက်ထပ် ဝင်ငွေရဲ့ ၅၀ ရာခိုင်နှုန်းကိုလည်း ရရှိမှာဖြစ်တယ်။ တနည်းအားဖြင့် User တစ်ယောက်လျင် 0.33 USD နှုန်းနဲ့ရရှိမျာဖြစ်ပါတယ်။

မြန်မာနိုင်ငံ မှာ ယခု ငွေကြေးဝန်ဆောင်မှုကုမ္ပဏီ အပြင်တခြား ကုမ္ပဏီ တွေလည်း ရှိပြီးသားဖြစ်ပါတယ်။

အဲ့ဒီထဲက တချို့ ကုမ္ပဏီ ကိုအောက်မှာဖေါ်ပြထားပါတယ်။

• 2c2p

• MyKyat

• Red Dot Network

• Myanmar Mobile Money

• Telenor’s Digital Money

• 663 Mobile Money

• MyanPay

တွေဖြစ်ကြတယ်။

မှတ်ချက်။

  • MySquar ဟာ AIM ဈေးကွက်မှာတင်ထားပြီးရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီ ဖြစ်တဲ့ Rising Dragon Singapore Pte Ltd နှင့် Rising Dragon Holdings Pte Ltd ဟာ MySquar ကုမ္ပဏီ ရဲ့ ၄၂% ကိုပိုင်ဆိုင်ထားပါပြီ။
  • Rising Dragon ဟာ Fastacash တွင်းလည်း Serie B investment ကိုရင်းနှီးထားပြီးဖြစ်တယ်။
  • Fastacast ကလည်း MyPay တွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်ထားပါတယ်။

ဖန်တီးရာ — မြန်မာနိုင်ငံတွင် လုပ်ငန်းငယ်များ အလုပ်လုပ်နိုင်မဲ့ Co-Working Space

Phandeeyar ဟာ ကိုယ်ပိုင်လုပ်ငန်း စလုပ်မဲ့လူငယ်တွေအတွက် co-working space ငှါးရန်းနိုင်တဲ့နေရာဖြစ်တယ်။

Phandeeyar ဟာ ရန်ကုန်မြို့ရဲ့အချက်အခြာကျတဲ့နေရာဖြစ်တဲ့ ဆူးလေဘုရားနားမှာတည်ရှိတယ်။ ပြီးတော့ ရန်ကုန်မြို့ရဲ့လှပတဲ့ ရှု့ခင်းကိုမြင်နိုင်တဲ့အပြင် ဓါတ်ပုံဝါသနာရှင်တွေအတွက်လည်း နေရာကောင်းဖြစ်တယ်။ မြို့လယ် ကောင်မှာတည်ရှိတဲ့အတွက် သွားလာရေးအတွက်ကတော့ အလွန်လွယ်ကူပြီး ရန်ကုန်မြို့ရဲ့ ရှေးဟောင်းအမွေအနှစ်နယ်မြေမှာတည်ရှိနေပါတယ်။

Internet speed ကလည်းပုံမှန်ထက်ပိုပြီး သင်အလုပ်ကောင်းကောင်းလုပ်လို့ရပါတယ်။

ရုံးဖွင့်ချိန် ပိတ်ချိန်ကတော့ တခြား co-working space တွေနဲ့မတူဘဲ အကန့်အသတ်တွေလုပ်ထားခြင်းမရှိပါဘူး။ ပုံမှန် ရုံးဖွင့်ချိန်ပိတ်ချိန်က မနက် ၉ နာရီ ကနေ ညနေ ၆ နာရီ လို့ဆိုပေမဲ့ ရုံးဝန်ထမ်းတွေအိ်မ်မပြန်ခင်အထိတော့သင် အလုပ်ကောင်းကောင်းလုပ်လို့ရပါတယ်။ တစ်ခု ကံကောင်းတာက Phandeeyar က ဝန်ထမ်းတွေဟာ အလုပ်ကြိုးစာကြလို့ သင် ညနက်အထိ အလုပ်လုပ်နိုင်မှာပါ။

Phandeeyar မှာ ငှါးတဲ့သူတွေအတွက် Access Card တွေလုပ်ထားပေးပါတယ်။ သင် co-working space လာတဲ့အချိန် ၄င်း ကတ်ကိုယူလာခဲ့ဖို့တော့လိုမယ် ဘာကြောင့်လည်းဆိုတော့ သင် အဲ့ Access Card ပါမှ Security ကသင့်ကို ဝင်ခွင့်ပေးမှာပါ။

ပြီးတော့ Phandeeyar က co-working space မှာလာရောက်အလုပ်လုပ်တဲ့ သူတွေအတွက် လက်ဖက်ရည်, ကော်ဖီ နဲ့ ရေ တွေလည်းစီစဉ်ထားပေးပါတယ်။ အလုပ်လုပ်ရာမှာသက်တောင့်သက်သာရှိစေရန်အတွက် အလုပ်စားပွဲတွေ ထိုင်ခုံတွေ အပြင် BeanBag တွေလည်း အများကြီးရှိပါတယ်။

အခု လောလောဆယ် လျှပ်စစ်မီးအတွက် မီးစက်မရှိသေးပေမဲ့ မကြာခင်ထားရှိမယ်လို့သိရပါတယ်။ ဒါဟာ မီးလာတဲ့အချိန် နဲ့ အေးတဲ့အချိန်မှာ ပြသနာမဖြစ်ပေမဲ့ ပူအိုက်တဲ့အချိန်ဆို AirCon ဖွင့်ဖို့အတွက်လိုအပ်မှာပါ။ အခန်းလုံခြုံမှုအနည်းငယ်လိုအပ်ပေမဲ့ အောက်မှာ လုံခြုံရေးတွေရှိနေတဲ့အတွက် စိတ်ပူစရာ မလိုလောက်ပါဘူး။

တစ်လမှာ $30 သာရှိတဲ့အတွက် လုပ်ငန်းသစ်စတင်လုပ်ကိုင်မဲ့သူတွေအနေနဲ့ ရုံးခန်းဖွင့်ဖို့အတွက် စျေးချိုချိုနဲ့ အလုပ်ကောင်းကောင်းလုပ်နိုင်မဲ့နေရာဖြစ်ပါတယ်။

ရန်ကုန်အင်းယားကန်ထဲမှာ ရွက်လွှင့်ရင်းနဲ့ ရလာတဲ့ သင်ခန်းစာ ၈ ခု

ရန်ကုန်မှာ နေတာ ကြာလာတဲ့အမျှ ရေပြင်ကျယ်ကျယ်ကို သွားချင်စိတ်က ပိုပြင်းပျလာတယ်။ အခုအချိန် ရန်ကုန်မှာ ရေပြင်ကျယ်ကျယ်ကို သွားချင်တယ်ဆိုရင်တော့ ရန်ကုန်အလယ်မှာ ရှိတဲ့ အင်းယားကန်မှာ ရွက်လွှင့်ဖို့ပါပဲ။ ဘယ်လိုရွက်လွှင့်ရတယ်ဆိုတာကို ၂၀၁၆ မတ်လကတည်းက ဒီမှာရှိတဲ့ကလပ်တစ်ခုမှာ စသင်ခဲ့ပြီး လေ့လာမှုအဆင့် တက်လာတာနဲ့အမျှ ပြိုင်ပွဲတွေကိုလည်း စပြီး ဝင်ပြိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ startup တွေအတွက်လည်း ကျင့်သုံးလို့ရနိုင်တဲ့ အင်းယားကန်ထဲမှာ ရွက်လွှင့်ရင်းနဲ့ ရလာတဲ့ သင်ခန်းစာတစ်ချို့ကတော့ ဒီမှာပါ။

ကန်ထဲမှာ ရွက်လွှင့်နေတုန်း ကိုစိုးသီဟ (အဝါရောင်ဂျက်ကပ်နဲ့) က ရွက်လွှင့်တာနဲ့ ကျွန်တော့်ရဲ့ startup ခရီးကရခဲ့တဲ့သင်ခန်းစာတွေတွဲရေးပါလို့အကြံပေးပါတယ်။

၁ — အကယ်၍ ခင်ဗျားက ချောင်းကျကျ ဈေးကွက်ထဲမှာ ရှိနေရင် ကစားကွက်ရဲ့ ထိပ်ဆုံးဖြစ်လာပါလိမ့်မယ်။

အင်းယားကန်ထဲမှာ ပြိုင်ပွဲတွေလုပ်တဲ့အခါ လှေအမျိုးချင်းတူတဲ့ အတန်းတွေအတွက် ပေါင်းလုပ်တဲ့ ပြိုင်ပွဲသို့မဟုတ် လှေအစုလိုက်ပြိုင်ပွဲတွေ ကျင်းပပါတယ်။ ပေါင်းလုပ်တဲ့ပြိုင်ပွဲတစ်ခုကို ကျွန်တော် တစ်ခါဝင်ပြိုင်ဖူးပါတယ်။ ပေါင်းလုပ်တဲ့ပြိုင်ပွဲဆိုတာကတော့ ဘယ်သင်တန်းကမဆို တာထွက်မှာ အတူတူထွက်ပေမယ့် သူတို့ရဲ့သင်တန်းအလိုက် အမှတ်ပေးတာပဲ ဖြစ်ပါတယ်။ သင်တန်းစတက်တာမကြာသေးတဲ့ ကျွန်တော့်အတွက်တော့ ပြိုင်ပွဲအကြောင်းနဲ့ စည်းမျဥ်းစည်းကမ်းတွေကို သိဖို့ဝေးစွ ကိုယ့်အတွက် ဘေးကင်းလုံခြုံမှုရှိအောင်ဆိုတာပဲ ခေါင်းထဲမှာ ရှိခဲ့ပါတယ်။ ပြိုင်ပွဲပြီးသွားတဲ့အခါမှာ ကျွန်တော်က ပထမဆုံးပန်းဝင်တဲ့လူဖြစ်နေတာကို တအံ့တသြသိလိုက်ရပါတယ်။ ဖြစ်ဆို ကျွန်တော့အတန်းမှာ ကျွန်တော်တစ်ယောက်ပဲ ရှိတာကိုးဗျ။ နိုင်တဲ့လူတစ်ယောက်အနေနဲ့ ကျွန်တော်နိုင်တယ်ဆိုတာကို ကြွားပြီးပြောနေပေမယ့်လည်း ပြိုင်ပွဲမှာတော့ အတော်ဆုံးရွက်လွှင့်သမားမဟုတ်ဘူးဆိုတာ ကျွန်တော့်ကိုယ်ကျွန်တော် သိပါတယ်။ Startup တစ်ခုက သူတို့ရဲ့ ဈေးကွက်ကို အခွင့်အလမ်းကောင်းတယ်လို့ သတ်မှတ်သလိုပဲ သူတို့က အကောင်းဆုံး၊ ကစားပွဲရဲ့ ထိပ်ဆုံးမှာ ရှိတဲ့လူ ဒါမှမဟုတ် သူတို့ရဲ့ အခွင့်အရေးအရ တစ်ခြားအရာတွေလည်း ထပ်ကြွားပြီး ပြောလို့ရပါသေးတယ်။ ဒါပေမယ့် နောက်ဆုံးကျတော့ သူတို့ရဲ့အောင်မြင်မှုကို တိုင်းတာတဲ့အခါမှာ သူတို့ရတဲ့အမြတ်နဲ့ပဲ တိုင်းတာသင့်ပါတယ်။

၂ — အခြေအနေတွေပြောင်းလဲနေတာက ကောင်းတာလည်း ဖြစ်နိုင်ပါတယ်။

အင်ယားကန်မှာ ကျွန်တော်တွေ့လာတာတစ်ခုကတော့ လေတွေက အမြဲတမ်း ပုံသေဖြစ်မနေပါဘူး။ အတန်းတူတာတောင်မှပဲ လေရဲ့ အခြေအနေပေါ်မူတည်ပြီး တုန့်ပြန်ပုံတွေက ကွဲပြားနိုင်ပါတယ်။ ပြိုင်ပွဲပြိုင်နေတဲ့အချိန်မှာ လေရဲ့အခြေအနေ ဒါမှမဟုတ် လေတိုက်ခတ်တဲ့လမ်းကြောင်း ပြောင်းတာတွေဖြစ်တဲ့အခါ သာမန်လေနဲ့ဆို နှေးတဲ့ လှေတွေက တခြားလှေတွေကို ကျော်တက်တာတွေ ဖြစ်နိုင်ပါတယ်။ ပတ်ဝန်းကျင်ကို သေသေချာချာလေ့လာတတ်မယ်ဆို ကိုယ်အသုံးချလို့ရမယ့် ဘယ်သူမှ သတိမထားမိသေးတဲ့ လေကောင်းကောင်းရမယ့်နေရာကို မြင်နိုင်မှာပါ။

တိုးတက်ပြီးသားနိုင်ငံတွေလို မဟုတ်ဘဲ အမြဲတမ်းပြောင်းလဲနေတဲ့ မြန်မာနိုင်ငံရဲ့ စီးပွားရေးနဲ့ နိုင်ငံရေးတိုးတက်မှုတွေက အင်းယားရဲ့ လေနဲ့ အလားတူနိုင်ပါတယ်။ Startup တွေက အဲဒါကို သူတို့ရဲ့ အခွင့်အရေးအနေနဲ့ ယူပြီး ကိုယ့်ထက်ပိုကြီးတဲ့ ကုမ္ပဏီတွေကို ဆန့်ကျင်လို့ရပါတယ်။ လေကောင်းကောင်းတိုက်မယ့် အခွင့်အရေးတစ်ခုကို မြင်ပါ၊ လေကြောင်းပြောင်းတာကို အခွင့်အရေးယူပါ၊ ကုမ္ပဏီကြီးတွေက မလုပ်နိုင်တာတွေကို လုပ်ပါ။

၃ — သင်ကြားမှုဆိုတာက စိတ်ဓာတ် တက်ကြွမှု လုံလုံလောက်လောက် ရှိတာနဲ့ မသိစိတ်ထဲကနေတောင် သင်ယူလို့ရပါတယ်

ကျွန်တော် ပထမဆုံး တက်ခဲ့တဲ့ အတန်းကတော့ “ရွှက်လွှင့်အငယ်တန်း” ဖြစ်ပါပြီး အဲ့သင်တန်းက စင်ကာပူက ကလေးတွေအတွက် ပြဌာန်းထားတဲ့ သင်ရိုးမာတိကာကို အခြေခံထားတာပါ။ ဘယ်လိုရွက်တိုက်ရမယ်၊ ဘယ်လိုလမ်းကြောင်းပြောင်းရမယ်၊ ဘယ်လို အထုံးချည်ရမယ်ဆိုတာတွေကို သိသိနဲ့သင်ခဲ့ရသလို သင်ခဲ့ရသမျှတော်တော်များများက ကန်ထဲက လှေတစ်ခုပေါ်မှာ ကျွန်တော့်အမျိုးသမီးနဲ့ အင်းယားကန်ထဲ မျောနေရင်းနဲ့ ဒါမှမဟုတ် ပြိုင်ပွဲထဲ ရောက်နေချိန်တွေကနေ သင်ခဲ့ရတာ ဖြစ်ပါတယ်။ အဲ့အချိန်မှာပဲ သင်တန်းမှာ သင်ခဲ့ရတဲ့ သင်ခန်းစာတွေက ကျွန်တော့်အရေပြားတွေနဲ့ အရိုးတွေထဲအထိ သံမှိုစွဲခဲ့တာပါ။

စီးပွားရေးနဲ့ စီမံခန့်ခွဲရေးသင်တန်းတွေနဲ့ စာအုပ်တွေက startup တစ်ခုကို ဘယ်လိုစီမံရမယ်ဆိုတာ ကျွန်တော့်ကို ဗဟုသုတရစေပါတယ်။ ဒါပေမယ့် ကိုယ့်ကိုကိုယ် ယုံကြည်မှုနဲ့ အရည်အသွေးတွေကို ရှိလာစေတာကတော့ သင်ခဲ့ရတဲ့ အရာတွေကို လိုက်နာဆောင်ရွက်နဲ့အခါ၊ ကုမ္ပဏီကို ကြီးထွားလာအောင်လုပ်တာနဲ့ ဈေးကွက်ထဲမှာ အပြိုင်အဆိုင်ဆောင်ရွက်ရတဲ့အခါတွေပဲ ဖြစ်ပါတယ်။

၄ — မြင့်မြင့်မှန်းလိုက်တာက တစ်ခါတစ်ရံမှာ ကိုယ့်ကို နှောင့်နှေးစေပါတယ်

အင်းယားက ပြိုင်ပွဲတော်တော်များများမှာ လေကို ဆန်ပြီးရွက်လွှင့်တာနဲ့ လေသင့်တဲ့နောက်ကို လိုက်တာတို့ ပါဝင်ပါတယ်။ ရွက်လွှင့်တဲ့လှေတွေက လေကိုဆန်ပြီး မတက်နိုင်တာဖြစ်တဲ့အတွက် ဖြစ်နိုင်တဲ့ အကောင်းဆုံးထောင့်ကတော့ လေကို မျက်နှာမူပြီး လှေကို ၄၅ ဒီဂရီစောင်းချလိုက်တာပဲ ဖြစ်ပါတယ်။ အဲဒါက သီအိုရီဖြစ်ပြီး လေနဲ့ ပထဝီရဲ့ အခြေအနေက နည်းနည်းလေးကပြောင်းသွားရင် အဲဒီ့ ၄၅ ဒီဂရီက ကိုယ့်ကို နှောင့်နှေးစေမှာ အသေအချာပါပဲ။ ၄၅ ထက်နည်းနည်း လျော့ပြီးချိန်ထားက ပိုကောင်းပါလိမ့်မယ်။ ရေရှည်အနေနဲ့ ကြည့်ရင်တော့ အရှိန်ရအောင် လုပ်ပြီးမှ ပြိုင်ပွဲကို နိုင်အောင် လုပ်ပါ။

ကိုယ့်မှာရှိတဲ့ သယံဇာတတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့ကြိုးစားနေတဲ့ startup တွေအတွက် အဲဒီလိုပါပဲ။ တစ်ခါတစ်လေမှာ အပေးအယူတစ်ခုတိုင်းကို နိုင်ဖို့အတွက် ရှိသမျှ သယံဇာတတွေကို အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာထက် ရေရှည်ဈေးကွက်အတွက် အကောင်းဆုံးဖြစ်အောင်လုပ်ဖို့ ရည်ရွယ်ပြီး လုပ်တာက အကောင်းဆုံးနည်းဗျုဟာပဲ ဖြစ်ပါတယ်။

၅ — တရွတ်ဆွဲတာကို လျှော့နိုင်သမျှ လျှော့ပါ

ကိုယ်က ဆန့်ကျင်ဘက်အရပ်ကနေ ရွေ့ဖို့ ကြိုးစားနေတဲ့အခါ တရွတ်ဆွဲတာက ကိုယ့်ရဲ့ လှေအတွက် အားတစ်ခုပါပဲ။ လှေရဲ့ အစွန်တစ်ခုပေါ်မှာ လွှင့်အောင် လုပ်၊ ကိုယ်ထည်ကို တစ်ဝက် ဒါမှမဟုတ် တစ်ချို့အခြေအနေတွေမှာ အပြည့်ဆွဲတင်ထားပြီး လှေကို ချောချောမွေ့မွေ့ဖြစ်အောင် လုပ်ဖို့အတွက် ရွက်လွှင့်တဲ့သူတွေက တရွတ်ဆွဲတာကို တတ်နိုင်သမျှ ရှောင်ကြပါတယ်။ လှေရဲ့ တက်မထဲမှာ အကျိုးအပျက်၊ အစအနတွေ ငြိနေရင် အဲဒါတွေက တရွတ်ဆွဲတာကို ပိုဖြစ်စေတဲ့အတွက် အဲ့ဒါတွေကို ချက်ချင်းဖယ်ပစ်ပါ။

ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ startup ကို ထူထောင်တဲ့အခါ မလိုအပ်တဲ့ တရွတ်ဆွဲတွေကို တတ်နိုင်သမျှ လျှော့ချရပါမယ်။ ကိုယ့်ရဲ့ ဖောက်သည်တွေကို သွားတွေ့ရမယ့်အစား လူသားအရင်းအမြစ်ဆိုင်ရာကိစ္စတွေကို ဖြေရှင်းရင်းနဲ့ အချိန်မကုန်ရအောင်လို့ ကိုယ့်ရဲ့ အဖွဲ့အရေအတွက်ကို ကျစ်ကျစ်လျစ်လျစ်ထားပါ။ ကိုယ့်ရဲ့ feature set ကို ခပ်သေးသေးပဲ ထားပါ။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို အပြည့်အဝပါလာအောင် လုပ်ပါ ဒါမှမဟုတ်ရင်တော့ ချန်ထားခဲ့ပြီး နောက်တစ်ခါမှပဲ ခေါ်ပါ။ သူတို့ရဲ့ ဆုံးဖြတ်ချက်ကို မြန်နိုင်သမျှ မြန်မြန်ချနိုင်အောင် ကူညီပေးပါ။

၆ — (လေရှိနေတဲ့ အရပ်ပေါ်မူတည်ပြီး) ကိုယ်ယူလိုက်တဲ့နေရာက ကိုယ့်ကို ကျော်လွှားနိုင်အောင် လုပ်ပေးနိုင်သလို တန့်သွားအောင်လည်း လုပ်ပေးနိုင်ပါတယ်

တကယ့်နေရာမှန်တစ်ခုကနေ ပြိုင်ပွဲကို စပြိုင်တယ်ဆိုရင်တော့ အဲဒါက ကံကြောင့်ချည်းပဲလည်း ဖြစ်နိုင်သလို လေရိပ်တစ်ခုကို ဝင်လိုက်ပြီးမှ လေလုံးဝ မရတာလည်းဖြစ်နိုင်ပါတယ်။ ဒါမှမဟုတ် ကိုယ်က ပြိုင်ပွဲအစကတည်းက ပြင်ဆင်ထားပေမယ့်လည်း ရွေးချယ်စရာမရှိတဲ့အတွက်ကြောင့် လေမရတဲ့ နေရာကနေပဲ ကိုယ့်ပန်းတိုင်ရောက်အောင် သွားရတာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဖောက်သည်ရှာတာကို မြန်မြန်အပြီးသတ်နေတာ ဒါမှမဟုတ် နည်းပညာအခက်အခဲတစ်ခုကို ကျော်လွှားဖို့ ကြိုးစားရင်းနဲ့ ကြန့်ကြာနေတာတွေဟာ ကံကြောင့်၊ ကြိုတင်ပြင်ဆင်ထားတာ ဒါမှမဟုတ် ရှောင်လွှဲလို့မရနိုင်တဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ့်ရဲ့ ပန်းတိုင်ကို ရောက်ဖို့ရာအတွက် လေရိပ်ကို ကျော်နိုင်ဖို့ ကိုယ့်လက်နှစ်ဖက်နဲ့ ခတ်ပြီး သွားရင်လည်း သွားရနိင်ပါတယ်။ ကိုယ့်ရဲ့လှေက သောင်တင်နေရင်တော့ လှေကနေ ခဏခုန်ဆင်းပြီး ကုမ္ပဏီတစ်ခုကို ပြန်စတင်သလို သို့မဟုတ် တခြားနောက်တစ်ခုကို အစကနေ ပြန်စသလိုမျိုး လုပ်ရပါလိမ့်မယ်။

၇ — ပြိုင်ပွဲတွေက ကိုယ့်ကို မှတ်ချက်ပေးပြီး မြန်မြန်ဆန်ဆန် သင်ကြားတတ်မြောက်စေပါတယ် (လေအခြေအနေကိုပြောင်းလဲလိုက်တာက ကိုယ့်ကိုကိုယ်ပြိုင်တာမျိုး ဖြစ်စေမှာ မဟုတ်ပါ)

ကိုယ့်အချိန်နဲ့ကိုယ် ပြိုင်လို့ရတဲ့ တခြားအားကစားနည်းတွေလိုမဟုတ်တဲ့ ရွက်လွှင့်ခြင်းက ကြိုလေကျင့်ထားတောင်မှပဲ ထွက်လာတဲ့ ရလဒ်က လေရဲ့အခြေအနေပေါ်မှာ မူတည်တဲ့ပြီး ပိုလည်းကောင်းစေသလို ပိုလည်း ဆိုးသွားနိုင်စေတဲ့အတွက် အဲ့လိုမျိုးပြိုင်တဲ့အခါ တော်တော်ဂရုစိုက်ပါတယ်။ အဲဒီ့အတွက် တိတိကျကျမဟုတ်ပေမယ့် ကိုယ်ဘယ်လိုမျိုးဖြစ်နေတယ်ဆိုတာကို မှတ်ချက်ပေးနိုင်မယ့် ပြိုင်ဖက်တစ်ယောက်လောက် လိုပါတယ်။ ကိုယ့်ဘာသာတော့ တိုးတက်လာနေပေမယ့် ကိုယ့်ရဲ့ပြိုင်ဖက်က ကိုယ့်ထက်အများကြီးမြန်မြန်ဆန်ဆန်တိုးတက်နေတယ်ဆိုရင်တော့ ပြိုင်ပွဲတွေမှာ ရှုံးနေဦးမှာပါပဲ။

ဘယ် startup ကမှ အဲ့လမ်းစဥ်ကို ဆက်သွားနေစရာမလိုပါဘူး။ အဖွဲ့တူ၊ ရတဲ့ရင်းနှီးမြှုပ်နှံမှုပမာဏတူရင်တောင်မှပဲ ဈေးကွက်ရဲ့ အခြေအနေက ပြောင်းလဲသွားပြီဖြစ်ပြီးတော့ ကိုယ့်ရဲ့ တိုးတက်မှုကို ဘယ်တော့မှ ကိုယ့်ဘာသာတိုင်းတာနိုင်မှာ မဟုတ်ပါဘူး။ ပြိုင်ဖက်တွေက ကိုယ်ဘယ်အခြေအနေလောက်ကို ရောက်နေပြီဆိုတာကို မှတ်ချက်ကောင်းကောင်းပေးနိုင်ပြီးတော့ ကိုယ့်အခြေအနေတိုးတက်လာတယ်ဆိုရင်လည်း မှတ်ချက်ကောင်းကောင်းပေးနိုင်ပါတယ်။

၈ — ကိုယ်က ပြိုင်ပွဲကို မနိုင်တော့ဘူးဆိုရင် အဲဒီ့အတွေ့အကြုံကို သာယာကြည်နူးလိုက်ပါ။

ပြိုင်ပွဲကို ပြိုင်ရခြင်းရဲ့ အကောင်းဆုံးအပိုင်းကတော့ စိတ်လှုပ်ရှားမှုနဲ့ ပတ်ဝန်းကျင်ရဲ့ အင်အားတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ပန်းဝင်တဲ့နေရာကို ဂရုမစိုက်ဘဲ ပြိုင်နေတဲ့အချိန်တွင်းမှာ ကိုယ်ရလိုက်တဲ့ သင်ခန်းစာတွေအပြင် လေ၊ နေ၊ လနဲ့ ရေတွေရဲ့အသံက ထပ်လောင်းအနေနဲ့ ပြိုင်ပွဲဝင်လိုက်တာကို ပိုတန်စေပါတယ်။ ပြောရရင်တော့ startup နဲ့ ဘဝရဲ့ ပြိုင်ပွဲကို သာယာကြည်နူးလိုက်ပါ။ နိုင်တာကတော့ ကောင်းတောပေါ့။ ဒါပေမယ့် ကိုယ်က ထိပ်ဆုံးကို မရောက်လာရင်တောင်မှပဲ ရောက်ဖို့ကြိုးစားနေစဥ်မှာ တန်ဖိုးထားသင့်တဲ့ အရာတွေ ရှိပါတယ်။

ရွက်လွှင့်တာနဲ့ စွန့်ဦးတီထွင်တာကို ကျွန်တော့်အခြေအနေ တိုးတက်လာတာနဲ့အမျှ သင်ခန်းစာတွေကို ဆက်တင်ပေးသွားမှာကတော့ သေချာပါတယ်။ ပြီးတော့ ကျွန်တော်အခုရေးတဲ့ သင်ခန်းစာတွေကို နောက်ကျတော့ ပြင်စရာတွေ ရှိရင် ရှိလာမှာပါ။ နောက်ပိုင်း ထပ်ပြောပြပါမယ်။

ဘာသာပြန်သူ အိမြတ်နိုးခင်

8 — Startup Lessons Learnt from Sailing in Yangon’s Inya Lake

As I have lived in Yangon long enough, I longed for access to large bodies of water. The only possible way in Yangon for me at this moment is to sail in Inya Lake, in the middle of Yangon. I started learning how to sail in the local club since 2016 March as a beginner sailor and started joining races as I progress in my learning ladder. Here are some lessons I have learned while sailing in Inya waters which can also be applied for startups in Myanmar.

While sailing in the lake, Ko Soe Thiha (in orange jacket) suggested me to write this article, drawing lessons from sailing to my startup journey.

1- If you are in a niche enough market, you will be the top of of the game.

Races in Inya Lake can be held for same boat classes, combined race or a fleet race. I once joined a combined race where various classes of boats will start off together but will be ranked according to their own class. A wide eyed beginner me joined the race having little or no clue about the rules except for safety. The race ended and what a surprise to learn I came in first in my class since mine was in the only boat in my class anyway. While I could claim bragging rights as the winner of the race, I know myself that I am nowhere near being the best sailer in the race. As a startup define their market niche enough, they could very well claim to be the best, top of the game or any other bragging rights, but in the end it’s the profits which they should use as a measure of their success.

2- Changing conditions can be a good thing

In Inya, unlike the open sea, I have observed that wind in the lake isn’t always constant, the various of even the same class could respond differently to the changing wind conditions. During races, when a wind shift occurs or when the wind conditions change, the boats which are slow in medium winds could be overtaking others during a light wind condition. If you look around enough, you can probably spot a good gust of wind that you can take advantage of that nobody have noticed either.

Myanmar’s economic and political development can be analogous to Inya’s winds, they do keep changing unlike more developed countries. Startups can use it to their advantage against bigger firms. Spot the opportunities of a gust of wind, take advantage of shifting winds, do what big companies cannot do.

3- Learning can be subconsciously done with enough motivation

The first sailing class I took was “Junior Sailor”, which was based on the sailing syllabus for Singapore Children. How to tack, gybe and how to tie knots are learnt consciously but the most learning come from just floating around the lake in a boat with my wife or in the heat of a race. That is where the formal lessons get drilled into my skin and bones.

Business and management trainings and books I took gave me knowledge on operating a startup but it’s during the execution, growing the company and competing in the market that gives me confidence and skills.

4- Aiming too high can sometimes slow you down

Most races in Inya involve sailing towards the wind (upwind) and following the wind (downwind). Since sail boats can’t possibly sail against the wind, the best possible angle is achieved by posting the boat at 45’ towards the wind. While this is in theory, the slight changes in wind condition and the geography means pointing at absolute 45’ will only slow you down. You are better off aiming at ever slightly less than 45’, try to achieve speed instead and win the race as a longer term strategy.

Same goes for startups in trying to optimise their resources. Sometimes, the best strategy is to aim and optimise for longer term market win instead of trying to optimise every resources or trying to win every deal.

5- Reduce as much drag as you can

Drag is the force which is applied to your boat from opposite direction you are trying to move. Sailors try to reduce drag as much as possible by making the boat’s hull smooth, making it sail on one of it’s edge, pulling up the centre board half way or even totally at certain sailing conditions. If you have some debris caught in your rudder, remove it immediately since they introduce more drag.

As we are trying to lift off our own startup off the ground, reduce as much unnecessary drag as possible. Keep the team lean so you won’t spend trying to entertain human resource issues instead of going out to meet customers. Keep your feature set small, bring your partners fully onboard or leave them behind for another trip, help them make that decision as fast as they can.

6- The position you took can make or brake your race (being at the place where the wind is).

It could be due to the pure luck that you started the race at just the right spot, or you entered a wind shadow with no wind at all. It could possibly be also because you planned that start of the race all along and you just had no choice to go through a zone with no wind to get to your destination.

Either you are cruising through your customer acquisition journey or stuck trying to overcome a tight technical spot, it could have been pure luck, pre-planning or something unavoidable. Whatever that is, your goal is still there and you may as well have to paddle using your bare hand through that wind shadow. If you did run your boat aground, you may have to jump off the boat for a bit and launch it again like you might have to reboot your company or start another one.

7- Competition gives you a reference and makes you learn faster (changing wind conditions wouldn’t let you compete against yourself)

Unlike other sports where you can race against your own time, sailing is tricky when it comes to that since even a lap of practice would give you better or worse results based on wind conditions. This requires you to have a competitor to give you a reference on how you are doing but not so accurately. You may be improving on your own term but if your competitor is improving much faster than you, you are still going to loose your races.

No startup is going to go through the same journey again. Even with the same team, same amount of funding, the market conditions would have been changed and you can never measure your improvement. Competitors give you a good reference on how much progress you have made and if you could possibly be doing it better.

8- Enjoy the experience even if you aren’t winning the race.

The best part of joining the race is the excitement and energy of the environment. Wind, sun, moon and the sound of water makes it all worth it in addition to the learning you get during the race regardless of your finishing position. Enjoy the race of startup and life in general. Winning would be good but even if you don’t come on top, there are things that are worth valuing along the way.

Sure, I will have more updated lessons as I progress in sailing and entrepreneurship, and will even have corrections to these lessons that I wrote of. I will keep the audience posted on them.

Rethink of what an online marketplace can do with MyanZen:

Traditional Online Marketplaces in Myanmar’s E-commerce era are on the edge of struggles and the coordination between stakeholders such as telcos, banks and payment providers served less users than more integration with many FinTech companies initial efforts to penetrate the market aside but it’s still questionable for the Country where Social media is a King and Cash is still dominating.

Maybe it’s time to rethink what an online marketplace can do for the frontier market like Myanmar? Could there ever be a multi-channel, artificially intelligent platform that can assist the social sellers to be successful in promising near future. Plus isn’t it time we skip the repetitive and boring process of posting online in multiple channels for the sellers and buyers alike with the artificially intelligent tools??

With enthusiasm for the massive machine learning technology, a group of young IT geeks has founded a cutting edge technology for Myanmar Online Marketplace: MyanZen — Rebuilding the Selling Experience

MyanZen is a platform that empowers small and medium social sellers to sell beyond traditional marketplaces. MyanZen blends in with the existing selling behaviour of the social commerce and provide solution at each part of the selling process — where social sellers can create products, track, manage and review the sales process effortlessly with the power of AI.

Founders @MyanZen — from right CEO, Swan Htet Aung, CTO, Thiha Tun, COO, Paing Hein Htet

MyanZen is going to be launched soon and Startup95 team is privileged to mingle with them lately.

Q. Why MyanZen and how are you going to launch this to the market?

Founder & CEO (Swan Htet Aung): I thought it through in a very simple way. Online users do not have great user experience when it comes to online shopping and when we surveyed about it, the results were amazing enough for us to realise there was great problem at hand and began to start this out. Many users are socially active but not website friendly for the marketplaces, be it blog-shops or actual online e-commerce marketplaces, they are still behind par to serve social media users in Myanmar.

To trace back, late 2015, I did a survey on a scale of 1000 people of which of 30% are buyers and 70% sellers. There are approximately 4000 shopping pages in Myanmar, based on our findings and approximation through Facebook tools and data crawling. .

Our survey show that the real problem to solve for online marketplaces is not primarily on delivery or logistics, but the Order Placement..

Based on this finding, I decided to work on MyanZen which empowers the social sellers who are using chat apps and social networks to inefficiently sell on social media. Our platform seamlessly integrates with existing social networks to provide the best selling experience possible. By providing the backend system and AI tools to manage the storefronts, the social sellers will be able to manage their shops effectively and efficiently. Our UI/UX blend in with the existing selling behaviour and we’re able to do that because we have strong local knowledge.

Co-founder & COO of MyanZen (Paing Hein Htet): “We are going to mostly engage and acquire sellers through direct marketing and social media: Facebook marketing and we have set the initial approaches categorised into four layers/factors.

1. Focus Group Discussions

2. Sellers Success Stories

3. Word of Mouth Campaigns

4. Targeted ads on Social media

And we would aim to achieve 500 sellers in the first phase after the launch and expected to grab 30% market shares by the end of 2017. Most importantly, in our first year we want to make sure our technology is reliable, up and running smooth and sustainable to gain reputation and we will make sure all the sellers on our platform are satisfied and return to use our platform in the first place.

Enjoy working with MyanZen

Q: It’s understandable that MyanZen is part of Telenor’s Accelerator program, but how was the idea initiated and developed in the first place?

Swan Htet Aung: “The first MVP of the idea was to solve the online marketplaces problems through a simple order placement tool in my native land. But then I was young and not able to convince my family to start my own business. I even shipped out to Singapore to find a job as developer, but then I was still so eager to start developing my first MVP of MyanZen. So, I set up a good story to tell my parents that it was hard to get a job in Singapore and finally returned home to do what I dreamt of. After returning to home, my second thought was that I needed a co-founder who should be experienced in similar things in hand. That’s when I met Paing Hein Htet who was working for one of the online shopping startup and it was a great Christmas present for December 2015.

But we both felt that we needed a proper training and support to establish a good platform. Finally, we got into accelerator programs where we learned execution for product placement and operation, investment 101 and pitching practices to work on better MVP everyday and getting a good founding members and employees for the business during our 4 months training days. We have met great people from silicon valleys and investors. The best part of the training also included better understanding about the ecosystem in the region and how the other industries are running across the regions and how we can apply it here.

The last but not least important founding member, Thiha Tun, CTO of MyanZen, Ex-NEX. A good old friend of Swan Htet Aung, joined the squad right after the Accelerator program as they both rekindled the passion to start something together just like the old days back in previous company crafting apps together.

We had a good chat with co-founder & CTO, Thiha Tun with couple of questions, as well.

Q: Facebook has launched e-commerce for the users to sell with nearby users and instagram — “Inselly” too — Do you think it would be a bit challenging for you to forecast what’s gonna happen next alongside country’s opening up with US businesses coming up something like Facebook and Instagram would dominate the market since “Facebook” is a thing here in Myanmar?

Thiha Tun: It would be a surprise to say that we are not surprised by that and we are even feeling better at the opportunity to learn more AI and Machine Learning technologies as our goals are to support the sellers with automated backend flow on a single platform. As we have all observed that buyer/seller behaviours in the region are totally different and most assumptions are not useful at times. But thanks to Facebook inspiration, now every business can be supported by Machine Learning that would make Facebook the actual store front and MyanZen will be a support with a great platform to online users with marketplaces and stores. We would let Facebook compete with everyone and give us the best resources to create. It’s a total win-win to us to deliver the best experiences.

The most challenges we see are — Unicode/Zawgyi — Burglish as language barriers — but it’s going to be fine. For machine learning, it would at least take twice the efforts to even just train for Myanmar Language. But we have made progress with the help of those newly launched machine learning libraries. Thanks to that we have better understanding on machine learning and have achieved better MVP with 35 sellers as our beta users.

Q: What are your actual plan and pipelines to work it out?

Paing Hein Htet: “We are going to have super LEAN team with awesome abilities. We need mostly technical skills to make sure our product gets going well and run smoothly. We are going to hire about 10 people in our first year in 2017. As we grow, we have to learn a lot up to the minute as it’s automated — product is AI as the core. Learning is the key culture at MyanZen and it will be a great workplace to grow the careers with us.

“And our ultimate goal is to support the startups ecosystem in the country, finding the right business path, fundraising strategy & tips and building the infrastructure together with industrial stakeholders.”

MyanZen will be introduced to the market in the coming early 2017. Meanwhile, interested users may have a look at this website of MyanZen — http://www.myanzen.com/ to subscribe for more updates and stay tuned for the launch very soon or drop an email at [email protected]